
ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်၌ ဆေးကုသမှု ခံယူနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) နာယက သူရ ဦးတင်ဦး သည် ယနေ့(ဇွန် ၁ ရက်)၊ နံနက်ပိုင်းတွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားကြောင်း သိရသည်။
သူရ ဦးတင်ဦးသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်ကတည်းက ရန်ကင်းနေအိမ်ရှိ ရေချိုးခန်း၌ ချော်လဲရာမှ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများ ခံယူနေခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် (၉၈)နှစ်ရှိပြီဖြစ်ကြောင်း သိရသည်။
NLD နာယကကြီး သူရ ဦးတင်ဦး သေဆုံးမှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ အခြေအနေကို ဧရာဝတီတိုင်းမ် သတင်းဌာနမှ ထပ်မံစုံစမ်း ဖော်ပြသွားမည်ဖြစ်သည်။
၎င်းသည် ၁၉၇၄ ခုနှစ်မှ ၁၉၇၆ ခုနှစ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို NLD ပါတီတွင်လည်း ဥက္ကဋ္ဌအဖြစ် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာ ၃ ရက်မှ ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်ထိ ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။
ထို့အပြင် ကာကွယ်ရေးဦးစီးချုပ်ဟောင်းဖြစ်သည့် သူရဦးတင်ဦးသည် တပ်တွင်းတာဝန် ထမ်းဆောင်စဉ်က သူရဲကောင်းမှတ်တမ်းဝင် ဇေယျကျော်ထင်နှင့် သူရဘွဲ့တို့ကိုလည်း ရရှိခဲ့သူဖြစ်ကြောင်း သိရသည်။
#NLDပါတီ #နာယက #သူရဦးတင်ဦးကွယ်လွန် #ဇေယျကျော်ထင် #Ayeyarwaddy_Times