ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

အမေရိကန်ခေါင်းဆောင်တွေဟာ ယူကရိန်းနိုင်ငံအတွက် ပံ့ပိုးကူညီမှုမှာ အရေးပါတဲ့ မူဝါဒ အပြောင်းအလဲတစ်ရပ် ပြုလုပ်နေပါတယ်။

ယူကရိန်းသို့ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်တွေကို အကန့်အသတ်နဲ့ တိုက်ခိုက်ခွင့်ပြုမယ်လို့ အမေရိကန်ခေါင်းဆောင်တွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေကလည်း ကျူးကျော်တိုက်ခိုက်မှု အရှိန်မြှင့်နေပြီး အထူးသဖြင့် ယူကရိန်းအရှေ့ ပိုင်း ခါကတ်ဗ်ဒေသမှာ ထိုးစစ်ဆင်နေပါတယ်။

သမ္မတ ဂျိုးဘိုင်ဒင်က နယ်စပ်ရဲ့ ရုရှားဘက်ခြမ်းရှိ ရုရှားတပ်ဖွဲ့တွေကို တိုက်ခိုက်ရာမှာ အမေရိ ကန်ထုတ် စစ်လက်နက်တွေကို အသုံးပြုခွင့်ပြုလိုက်ပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘ လင်ကန်က ပြောပါတယ်။

သို့သော်လည်း ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်တွေကို တာဝေးပစ်ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရာမှာ ပိတ်ပင်ထားတဲ့ အမေရိကန်နိုင်ငံရဲ့မူဝါဒကို မပြောင်းလဲဘူးလို့ အမေရိကန် တာဝန်ရှိသူတစ်ဉီးက ပြောပါ တယ်။

အပြည်ပြည်ဆိုင်ရာဉပဒေအရ ယူကရိန်းနိုင်ငံက ကိုယ့်ကိုကိုယ် ခုခံကာကွယ်ရာမှာ ဂျာမနီနိုင်ငံ က ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေကို အသုံးပြုနိုင်တယ်လို့ ဂျာမနီအစိုးရ ပြောရေးဆိုခွင့်ရှိသူ တစ်ဉီးက ပြောပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးဟာ သောကြာနေ့က ဆွီဒင်၊ နော်ဝေ၊ အိုက်စလန်နိုင်ငံတွေနဲ့ နှစ် နိုင်ငံ လုံခြုံရေးဆိုင်ရာ သဘောတူညီချက်တွေကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ရုရှားပိုင်နက်ကို အနောက်နိုင်ငံတွေ ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်တွေ အသုံးပြုပြီး တိုက် ခိုက်ဖို့က မေးခွန်းထုတ်ရမယ့်အချိန်လို့ ၎င်းက ဆွီဒင်နိုင်ငံ၊ စတော့ဟုမ်းမြို့မှာ ပြောကြားခဲ့ပါတယ်။

ကိုးကား – NHK
Ref; Washington allows Ukraine to strike inside Russia with US weapons

#Ayeyarwaddy_Times