ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) က ကော့ဘဇားခရိုင်၊ တက်ကနက်ခ်မြို့မှာ မြန်မာ နိုင်ငံသားနှစ်ဉီးကို မီသာဖက်တမင်းဆေးပြား ၃ ကီလိုဂရမ်ကျော်နဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားနှစ်ဉီးက အသက် ၁၉ နှစ်အရွယ် မာမွတ်အလမ်နဲ့ အသက် ၂၁ နှစ် အရွယ် မာမွတ်အယက်ချ်တို့ ဖြစ်ပါတယ်။

နှစ်ဦးစလုံးက ရခိုင်ပြည်နယ်၊ မောင်တောခရိုင်မှ ဒေသခံတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နယ် ခြားစောင့်တပ်ဖွဲ့ (BGB) ရဲ့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) ရဲ့ တက်ကနက်ခ်တပ်ရင်း အမှတ် ၂ မှ လှည့်ကင်း အဖွဲ့ဟာ ကြာသပတေးနေ့က Marine Drive လမ်းမကြီးအနီးက ရွာတစ်ရွာမှာ စစ်ဆေးရေးဂိတ်တစ်ခု ဖွင့်လှစ်ကာ မော်တော်ကားတွေကို ရှာဖွေစစ်ဆေးခဲ့ပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ဓာတ်ငွေ့နဲ့မောင်းနှင်တဲ့ သုံးဘီးယာဉ်ကို ရပ်တန့်ပြီး ရှာဖွေရာ မှာ ခရီးသည်တွေထံမှ မီသာဖက်တမင်းဆေးပြားတွေ ဖမ်းဆီးမိတာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

မီသာဖက်တမင်းဆေးပြားတွေနဲ့အတူ ဖမ်းဆီးမိသူတွေကို တက်ကနက်ခ်မြို့ရဲစခန်းကို လွှဲ ပြောင်းပေးခဲ့ပြီး အမှုဖွင့်ထားတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ကိုးကား – BSS News
Ref; BGB arrests 2 Myanmar citizens with crystal meth in Teknaf

#Ayeyarwaddy_Times