
မြရာ/ဧရာဝတီတိုင်းမ်
ဇွန် ၁ ရက်
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ် မြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ယမန်နေ့ညပိုင်းတွင် စစ်ကောင်စီက ဘူဒိုဇာဖြင့်ထိုးချ၍ ယူဆောင်သွားကြောင်း သိရသည်။
စစ်ကောင်စီသည် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို ယမန်နေ့ မေ ၃၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ဘူဒိုဇာဖြင့်ထိုး၍ယူဆောင်သွားခြင်း ဖြစ်ကြောင်း ပုဂံမြို့သစ်ဒေသခံ ပြည်သူများထံက သိရသည်။
“မနေ့က ည ၁၁ နာရီ လောက်က ပုဂံမြို့သစ်ကို မီးတွေဖြတ်ပြီး မြို့လယ်ကောင်က ဗိုလ်ချုပ်ကြေးရုပ်ကို စကစ(စစ်ကောင်စီ)ကဘူဒိုစာနဲ့ထိုးပြီး သယ်သွားကြတယ်”ဟု ပုဂံမြို့သစ်နေ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တုကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပုဂံမြို့သို့ လာရောက်ပြီးနောက် ညပိုင်းတွင် စစ်ကောင်စီ အဖွဲ့ရောက်ရှိလာကာ ဖယ်ရှားသွားခြင်းဖြစ်ကြောင်း သိရသည်။
စစ်ခေါင်းဆောင် လာရောက်ပြီးနောက်တွင် ပုဂံမြို့ရှိ အသုံးမပြုတော့သည့် ရေတွင်း၊ ရေကန်အချို့ကို ဆယ်ခိုင်းကာ ဘုရားစေတီအချို့ကိုလည်း ဝင်ရောက်စစ် ဆေးခဲ့သည်။
ထို့ပြင် ထီးလိုမင်းလိုဘုရားတွင် ယတြာချေကာ ရွှေစင် ၅၀ ကျပ်သားကိုပါ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ ပြီး မြို့လယ်ဘုရားအနီးရှိ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကိုပါ ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်သည် ဒီမိုကရေစီအစိုးရ NLD လက်ထက် ၂၀၁၅ ခုနှစ်တွင် ပုဂံမြို့သစ် မြို့လယ်၌ စိုက်ထူခဲ့သည့် ကြေးရုပ်တုဖြစ်သည်။
ပုံစာ-ပုဂံမြို့သစ် မြို့လယ်ရှိ ဗိုလ်ချုပ်ကြေးရုပ်ကို တွေ့ရစဉ် (ပုံဟောင်း)
#မန္တလေး #ညောင်ဦး #ပုဂံ #မြို့သစ် #ဗိုလ်ချုပ် အောင်ဆန်း #ကြေးရုပ်တု #စစ်ကောင်စီ #ဖယ်ရှား #Ayeyarwaddy_Times