ဧရာဝတီတိုင်းမ်
မေ ၃၀ ရက်

ထိုင်းတော်ဝင်မိသားစုကို အသရေဖျက်မှုအတွက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ ကို တရားစွဲဆိုတော့မယ်လို့ ထိုင်း အစိုးရရှေ့နေတွေက ပြောပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ပြည်ပမီဒီယာတွေနဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ သက်ဆင်ဟာ တော်ဝင် မိသားစုအပေါ် ဝေဖန်ခွင့်ပိတ်ပင်ထားတဲ့ ဉပဒေချိုးဖောက်တယ်လို့ သံသယရှိရတဲ့ မှတ်ချက်စကား ပြော ကြားခဲ့တယ်လို့ ထိုင်းအစိုးရရှေ့နေတွေက ပြောပါတယ်။

သက်ဆင်ဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတာကြောင့် တရားရုံးချိန်းကို မလာရောက်နိုင် ခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။

တရားရေးစနစ်မှာ သူ့ရဲ့ ရိုးသားမှုကို သက်သေပြဖို့ သက်ဆင်က အဆင်သင့်ရှိကြောင်း သက် ဆင်ရဲ့ရှေ့နေက ပြောပါတယ်။ တရားရုံးကြားနာမှုကို ရှေ့လအထိ ရွှေ့ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

သက်ဆင်ဟာ ၂၀၀၆ ခုနှစ် အာဏာသိမ်းမှုအတွင်း ဖြုတ်ချခံရကာ ပြည်ပမှာ ၁၅ နှစ်ကြာအောင် တိမ်းရှောင်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ်လယ်မှာ ထိုင်းနိုင်ငံသို့ ပြန်လာခဲ့ပါတယ်။

သက်ဆင်ကို အဂတိလိုက်စားမှု အပါအဝင် စွဲချက်တွေနဲ့ အကျဉ်းချခဲ့ပေမယ့် ဖေဖော်ဝါရီလမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ အကျဉ်းထောင်မှ လွှတ်ပေးခဲ့ပါတယ်။

အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ် ဆေထာသာဗီဆင်း အပါအဝင် ပြည် တွင်း၊ပြည်ပမှ ဂုဏ်သရေရှိဧည့်သည်တွေနဲ့ တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံတစ်ဝှမ်း သွားရောက်ခဲ့ပါတယ်။

တရားစွဲဆိုမှုဟာ ထိုင်းနိုင်ငံရှိ ရှေးရိုးစွဲ ကွန်ဆာဗေးတစ်တွေရဲ့ သက်ဆင်အပေါ် ဟန့်တားမှုတစ် ခုအဖြစ် ရှုမြင်နေကြပါတယ်။

ကိုးကား – NHK
Ref; Thaksin to bbeindicted for alleged royal defamation

#Ayeyarwaddy_Times