ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်

နိုင်ငံခြားငွေရှားပါးနေသော စစ်ကောင်စီ၏ ဗဟိုဘဏ်သည် ရန်ကုန်အခြေစိုက် ထိုင်း ဘဏ်ခွဲ လေးခုနှင့် တွေ့ဆုံ၍ နိုင်ငံခြားငွေလဲလှယ်နှုန်းကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုင်းဘတ်ဈေးမြင့်တက်နေပြီး မြန်မာ ကျပ်ငွေ တစ်သိန်း(၁၀၀,၀၀၀) လျှင် ထိုင်းဘတ် ၈၇၀ ခန့်သာရှိ၍ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၁၆ ကျပ်ဖြင့် ယခုရက်ပိုင်းအတွင်း ပိုမို ဈေးမြင့်တက်လာခြင်းဖြစ်သည်။

ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ရန်ကုန်အခြေစိုက်ထိုင်းဘဏ်ခွဲများဖြစ်သော Siam Commercial Bank ၊ Bangkok Bank ၊ Kasikorn Bank၊ Krung Thai Bank တို့မှတာဝန်ရှိသူများသည် ယမန်နေ့ မေ ၂၈ ရက်နေ့က တွေ့ဆုံခဲ့ခြင်းခြင်းဖြစ်သည်။

ထိုင်းဘဏ်များဖြင့် တွေ့ဆုံရာတွင် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက နိုင်ငံခြား ငွေလဲလှယ်နှုန်းနှင့် နိုင်ငံခြားငွေလွဲပြောင်းပေးချေရာတွင် ဟွန်ဒီလုပ်ငန်းဆောင်ရွက် နိုင်ခြင်း မရှိစေရန်အတွက် ထိုင်းဘဏ်များ ပူးပေါင်းရန် အပါအဝင် ငွေလွှဲပြောင်းမှုမျာကို တရားဝင် လမ်းကြောင်းမှတစ်ဆင့် လွှဲပြောင်းမှုတိုးတက်နိုင်ရန်ဆောင်ရွက်ရမည်ဟု ပြောကြားခဲ့ သည်။

ထိုင်းဘဏ်များအနေဖြင့် ပညာရေး၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များတွင် ဟွန်ဒီ ဆောင်ရွက်နေမှုများအပေါ် ပူးပေါင်းဆောင်ရွက်ရန်နှင့် ပြည်ပရောက် မြန်မာလုပ်သား များ၏ လုပ်ခလစာ လွှဲပို့ငွေများကို ပြည်တွင်းရှိ မိသားစုများထံသို့ ရောက်ရှိ နိုင်ရန်ဆောင်ရွက်ပေးလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ထို့ပြင် ကုန်သွယ်ရေးပိုင်းတွင် ထိုင်း-မြန်မာနှစ်နိုင်ငံအကြား ကုန်သွယ်ရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးစေရေးအတွက် ငွေကြေးထောက်ပံ့ခြင်း (Pre-shipment Export Financing/ Post- shipment Export Financing)များ ဆောင်ရွက်ပေးနိုင်ရန် ဆွေးနွေး ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – လူမှုကွန်ရက်
#‌ဗဟိုဘဏ် #ထိုင်းဘဏ်များတွေ့ဆုံ #နိုင်ငံခြားငွေလဲနှုန်း #SiamCommercialBank #bangkokbank #kasikornbank #KrungthaiBank #Ayeyarwaddy_Times