
ဧရာဝတီတိုင်းမ်
မေ ၂၈ ရက်
အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဒေသတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်း Remal ကျရောက်မှုကြောင့် လူ ၁၆ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း ကျရောက်မှုကြောင့် တနင်္ဂနွေနေ့ညနေပိုင်း လူပေါင်းတစ်သန်းနီး ပါးကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှာ ကလေးငယ် ၃ ဒသမ ၆ သန်း အပါအဝင် လူပေါင်း ၈ ဒသမ ၄ သန်း နေထိုင်တယ်လို့ ဒေသန္တရ အာဏာပိုင်တွေက ပြောပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း Remal ဟာ တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မိုင်လားဆိပ်ကမ်းမြို့နဲ့ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ် ဆာဂါကျွန်းစုကို ဖြတ်သန်းသွားခဲ့ပြီး နောက်ရက်မှာ အားပျော့ သွားခဲ့ပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုကြောင့် လူ ၁၀ ဉီးထက်မနည်း သေဆုံးခဲ့တယ်လို့ ဘင်္ဂလား ဒေ့ရှ် သဘာဝဘေးအန္တရာယ်ဆိုင်ရာဝန်ကြီး မော့ဟစ်ဘူရာမန်က ပြောပါတယ်။
“ပြည်သူ ၃ ဒသမ ၇၅ သန်း မုန်တိုင်းဘေးသင့်ခဲ့ပြီး နေအိမ် ၃၅၄၈၃ လုံး ပျက်စီးကာ နေအိမ် ၁၁၅၉၉၂ လုံး ထိခိုက်ခဲ့ရပါတယ်” လို့ ရာမန်က ရှင်းပြပါတယ်။
အိန္ဒိယနိုင်ငံ၊ အနောက်ဘင်ဂေါပြည်နယ်၊ ဆမစ်ဂုတ္တားမြို့မှာ ဓာတ်လိုက်သေဆုံးသူ ၃ ဦး အပါအ ဝင် အရပ်သားခြောက်ဉီး သေဆုံးခဲ့တယ်လို့ အကြီးတန်း တာဝန်ရှိသူတစ်ဉီးက အတည်ပြုခဲ့ပါတယ်။
ရိုဟင်ဂျာတစ်သန်းနီးပါးနေထိုင်ရာ ဒုက္ခသည်စခန်းတွေရှိရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခ ရိုင်မှာ မြေပြိုမှုတွေ၊ ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ရာသီဥတုပြောင်းလဲမှုဒဏ် သက်ရောက်မှုအရှိဆုံး တိုင်း ပြည်တစ်ခုဖြစ်ပြီး အပူလှိုင်းကျရောက်မှုကနေ ရေကြီးရေလျှံမှုတွေအထိ ဖြစ်ပွားလေ့ရှိပါတယ်။
ဆိုင်ကလုန်းမုန်တိုင်း Remal ဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဘင်္ဂလားပင်လယ်အော်အတွင်း ရွေ့ လျားခဲ့တာကြောင့် သက်ဆိုင်ရာတိုင်းပြည်တွေမှ အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ခဲ့ရပါ တယ်။
၂၀၂၃ ခုနှစ် မေလအတွင်း ဘင်္ဂလားပင်လယ်အော်မှာ ဆယ်စုနှစ်တစ်ခုအတွင်း အင်အားအပြင်း ဆုံး ဆိုင်ကလုန်းမုန်တိုင်းတစ်ခုဖြစ်တဲ့ ‘မိုခါ’ တိုက်ခတ်ခဲ့ရာ ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာမှာ သန်းနဲ့ချီတဲ့ပြည် သူတွေ ဘေးသင့်ခဲ့ပါတယ်။
ကိုးကား – BBC
Ref; At least 16 dead as cyclone hits Bangladesh and India
#Ayeyarwaddy_Times