ဧရာဝတီတိုင်းမ်
(မိုးကုတ်)၊ မေ ၂၇ ရက်

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ရွှေကူရပ်ကွက်ရှိ နေအိမ်တစ်ခုတွင် ပြီးခဲ့သည့် မေ ၂၅ ရက်၊ ည ၂ နာရီဝန်းကျင်က အသက်မပြည့်‌ သေးသည့် ကလေးငယ်တစ်ဦး အပါအဝင် မိသားစုဝင် လေး ဦး သတ်ဖြတ်ခြင်း ခံခဲ့ရ ကြောင်း သိရသည်။

လူသတ်မှုဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း သေဆုံးသူများမှာ ဦးဇော်မိုးလွင်(၄၈)နှစ်၊ ဒေါ်အေးရွှေ(၄၅)နှစ်၊ မောင်အောင်သက်ကို(၂၀)နှစ်၊ မောင်အောင်ခန့်ဇော်(၁၂) နှစ် တို့ဖြစ်ပြီး မိသားစုဝင် လေး ဦးစလုံး သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်းလည်း ဒေသခံများ ထံကသိရသည်။

“ည နှစ်နာရီလောက်ကြီး မိုးတွေလဲရွာနေတာဆိုဝောာ့အန်တီမအေးရွှေက ကယ်ကြပါဦးလို့တော့ အော်တယ်ဗျ။ ဒါပေမယ့် ညကြီးမိုးတွေလဲရွာနေတာဆိုတော့ ထွက်မကြည့်ကြတာ။ ဦးကံချွန်ကတော့ လူရုပ်တောင်မကျန်တော့ဘူး။ လည်ပင်းဆိုလဲ ယေးယေးလေးပဲကျန်တော့တယ်။ အရင်ဆုံးသူ့သားကြီးက အရင်သတ်ခံရတာထင်တယ်။ သူ့သားကြီးကိုလဲခုတ်ထားတာလူရုပ်တောင်မပေါ်တော့ဘူး” ဟု မိုးကုတ်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့ပြင် လူသတ်မှုဖြစ်စဉ်အတွင်း သတ်ခံရသည့် မိသားစုဝင် လေးဦးအပြင် အမျိုးသားတစ်ဦးပါအသတ်ခံရ ကြောင်း ပြောဆိုမှုများရှိ သော်လည်း ဧရာဝတီတိုင်းမ် အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။

“လူပဲသတ်သွားပြီး ဖုန်းတွေပဲယူသွားတာဗျ။ ရွှေငွေတခုမှမယူသွားဘူး။ ကြည့်ရတာအညိုးနဲ့ပဲလုပ်တာထင်တယ်‌။ ငွေတွေကတော့ ရဲတွေ၊ စစ်သားတွေလာမှ သူတို့က ဆာလာအိတ်နဲ့ထုတ်သွားတာ” ဟု အဆိုပါဒေသခံက ဆက်လက် ပြောသည်။

သေဆုံးသူမိသားစုမှာ အနေအေးသည့် မိသားစုတစ်စုဖြစ်ပြီး အဖွဲ့အစည်းများနှင့် ပါတ်သတ်ခြင်းမရှိကြောင်း ဒေသခံများက ပြောဆိုကြသည်။

ဓာတ်ပုံ – ပေးပို့

#မိုးကုတ် #လူသတ်မှု #မိသားစု၄ဦး#သတ်ဖြတ်ခံရ #Ayeyarwaddy_Times