
ဧရာဝတီတိုင်းမ်
မေ ၁၇ ရက်
မြန်မာနိုင်ငံက အတိုက်အခံအင်အားစုတွေဟာ မကြာသေးမီနှစ်တွေအတွင်း တိုင်းပြည်တစ်ဝှမ်း အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ ဧရိယာတွေမှာ သိသာတဲ့ နယ်မြေစိုးပိုင်မှုတွေ ရရှိခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်မှုကို ဦးတည်လာခဲ့တဲ့ ဗမာအများစု အပါအဝင် ၂၀၂၁ ခုနှစ် အာဏာ သိမ်းမှုနောက်ပိုင်း ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များမှ တပ်ဖွဲ့ဝင်တွေရှိရာ နယ်မြေအ ချို့မှာ နယ်မြေသိမ်းပိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကျွန်တော် အရင်က ကောက်နှုတ်ပြခဲ့သလို အာဏာ သိမ်းစစ်ကောင်စီဟာ စိတ်ဓာတ်ပိုင်းကျ ဆင်းမှု၊ ဘက်ပြောင်းခိုလှုံမှု၊ စစ်တပ်အင်အားပြည့်မီအောင် လူသစ်မစုဆောင်းနိုင်မှု၊ စစ်သားတွေအတွက် ကြောက်မတ်ဖွယ်ရာ အခြေအနေတွေနဲ့ ရုရှားနဲ့ အခြားတိုင်းပြည်တွေကနေ စစ်လက်နက်ထောက်ပံ့မှု ဆုံးရှုံးတာတွေလိုမျိုး ပြဿနာအမျိုးမျိုး ရင်ဆိုင်နေရပါတယ်။
ဒီနှစ်ရဲ့ လက်ကျန်အချိန်တွေဟာ အာဏာသိမ်းစစ်ကောင်စီနဲ့ ယေဘူယျအားဖြင့် မဟာမိတ်ဖွဲ့ ထားတဲ့ အတိုက်အခံအင်အားစုတွေအတွက် အရေးပါလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ အရင်အခြေအနေ တွေနဲ့ မတူညီတာက အတိုက်အခံအင်အားစုတွေဟာ တိုင်းပြည်တစ်ခုမှာ ယခင်က ဘယ်တော့မှမရရှိခဲ့ ဖူးတဲ့ နိုင်ငံရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုမလျှော့ချဘဲ မအောင်မြင်နိုင်တဲ့ စစ်မှန်သော ဖက်ဒရယ်ဝါဒကို ရည်ရွယ်တဲ့ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းစစ်ကောင်စီအလွန် နိုင်ငံရေးမှာ အပြောင်းအလဲတစ်ရပ်ပြုလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။
နယ်မြေများစွာမှာ အင်အားကောင်းမွန်ပြီး စစ်စခန်းတွေကို သိမ်းပိုက်ကာ ထိုင်းနယ်စပ်ရှိ မြဝ တီမြို့ကိုပင် ခဏတာ သိမ်းယူခဲ့တဲ့ အတိုက်အခံအင်အားစုတွေဟာ မြဝတီမြို့ကို ပြန်လည်သိမ်းပိုက်နိုင် ဖို့ အပြင်းအထန် ကြိုးစားလာဖွယ်ရှိပါတယ်။ အတိုက်အခံအင်အားစုတွေဟာ စစ်ကောင်စီတပ်ဖွဲ့တွေ အများအပြားတပ်စွဲထားပြီး ဗမာအများစုနေထိုင်ရာ မန္တလေးမြို့လိုမျိုး မြန်မာနိုင်ငံအလယ်ပိုင်းမှာ အာ ဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ဖို့ ကြိုးစားလာပါလိမ့်မယ်။
အတိုက်အခံအင်အားစုတွေ တိုက်ခိုက်လာနိုင်တဲ့ မန္တလေးလို ဒေသများစွာရှိပေမယ့် တိုက်ခိုက်မှု အောင်မြင်ရင် မြန်မာစစ်တပ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းကိုပင် မထိန်းချုပ်နိုင်တော့ဘဲ သူ့ရဲ့ အာဏာ ဟာ နေပြည်တော်နဲ့ အခြားနယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ရနိုင်ပါတယ်။ အတိုက်အခံတွေရဲ့ ကြိုးပမ်းမှု အောင်မြင်ရင် အာဏာသိမ်းစစ်ကောင်စီဟာ မရှင်သန်နိုင်တော့ဘူးလို့ပြောတဲ့ အာဆီယံနဲ့ တောင်အာရှတိုင်းပြည်တွေကို အဆုံးသတ်မှာ အာဏာသိမ်းစစ်ကောင်စီဟာ မနိုင်တော့ဘူးဆိုတာကို လက်ခံယုံကြည်စေမှာဖြစ်ပါတယ်။
အဲလိုအခြေအနေဖြစ်လာရင် အရေးပါသော အာဆီယံနိုင်ငံတွေဖြစ်စေ အာဏာသိမ်းစစ်ကောင်စီ ရဲ့ ရှုံးနိမ့်မှုတွေကို စိတ်ပျက်နေပြီး အတိုက်အခံအင်အားစုတွေ အထူးသဖြင့် တရုတ်နယ်စပ်အနီးက တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ အထူး ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်လာခဲ့တဲ့ တရုတ်နိုင်ငံ က မြန်မာ့အရေးမှာ ကြားဝင်လာဖွယ်ရှိပါတယ်။
တရုတ်နိုင်ငံဟာ အရေးပါသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများစွာကို မြန်မာစစ် တပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ တွန်းအားပေးနေပါတယ်။
သို့သော်လည်း ရေရှည်မှာ အတိုက်အခံအင်အားစု တွေ အနိုင်ရရှိပါက ထာဝရ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီဖွယ်မရှိလို့ တရုတ်နိုင်ငံက မြန်မာ့အ ရေးမှာ မတူညီတဲ့ပုံစံနဲ့ ကြားဝင်စွက်ဖက်လာတဲ့ အခြေအနေတစ်ရပ် ရောက်ရှိလာနိုင်ပါတယ်။
တရုတ်နိုင်ငံက ယင်းကဲ့သို့ ကြားဝင်လာရင် အတိုက်အခံအင်အားစုတွေကို အသွင်ကူးပြောင်းဖို့ ရေးဆွဲထားတဲ့ မူဘောင်တစ်ခုနဲ့ အဆုံးသတ်ဖွယ်နိုင်ပါတယ်။ တစ်ချိန်တည်းမှာဘဲ ကျန်ရှိသော အာဏာ သိမ်းစစ်ကောင်စီအဖွဲ့ဝင်တွေက အရေးယူမှုကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းရှိ တော်လှန်ရေးအင်အားစုတွေက အာဏာသိမ်းစစ်ကောင်စီနဲ့ သဘောထားကွဲမှုက အစီအစဉ် မအောင် မြင်စေတဲ့ ပွတ်တိုက်မှုတွေ ဖြစ်စေပါလိမ့်မယ်။
မြန်မာစစ်တပ် အကြီးတန်းခေါင်းဆောင်တွေက ဒီအချက်ကို သဘောပေါက်ပါတယ်။ တော်လှန် ရေးအင်အားစုတွေက နယ်မြေသိမ်းယူမှုတွေ ဆက်လက်ပြုလုပ်ရင် ဒီမိုကရေစီနိုင်ငံတွေက အတိုက်အခံ အင်အားစုတွေကို စစ်ရေးမဟုတ်တဲ့အကူအညီနဲ့ အခြားအကူအညီမျိုးတွေ ပံ့ပိုးကူညီဖို့ ကြိုးပမ်းလာနိုင် ပါတယ်။
မြန်မာစစ်တပ်ဟာ ဒီနှစ်ရဲ့ကျန်ရှိတဲ့အချိန်မှာ မြဝတီမြို့ကို ပြန်သိမ်းပြီး အမာခံနယ်မြေတွေကို ဖဲ့မပေးနိုင်ဘူးဆိုတာပြသဖို့ ကြိုးပမ်းလာပြီး မြန်မာနိုင်ငံဟာလည်း အတိုက်အခံအင်အားစုတွေနဲ့ မြန်မာ စစ်တပ်တို့ နယ်မြေအသီးသီးကို ထိန်းချုပ်ထားတဲ့ ကစဉ့်ကလျားတိုင်းပြည်တစ်ခုအဖြစ် ဆက်ရှိနေပါ မယ်။ မြန်မာနိုင်ငံက ရေရှည်ပဋိပက္ခနဲ့ ကျရှုံးတိုင်းပြည်တစ်ခုဖြစ်လာပြီး ပြည်သူတွေဟာ လက်ရှိထက် ဆိုးရွားတဲ့အခြေအနေ ကြုံတွေ့လာနိုင်ပေမယ့် အာဏာသိမ်းစစ်ကောင်စီက အနည်းငယ်မျှ ဂရုစိုက်မှာ မ ဟုတ်ပါဘူး။
မြန်မာစစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူကို အားသာချက်ယူပြီး အမာခံနယ်မြေ တွေကို ကာကွယ်ကာ ဆုံးရှုံးခဲ့တဲ့နယ်မြေအချို့ ပြန်သိမ်းပိုက်တယ်လို့ ယူဆပါစို့။ အဲလိုဖြစ်လာရင် ရေ ရှည်ပဋိပက္ခတစ်ခု သို့မဟုတ် အနာဂတ်မြန်မာနိုင်ငံမှာ စစ်တပ်က အမှန်တစ်ကယ် အာဏာရှိမယ့် သ ဘောတူညီမှုရအောင် တရုတ်နိုင်ငံက ကြားဝင်ဖို့ ကြိုးစားလာပါမယ်။
အသက်နဲ့သွေး ရင်းနှီးထားရတဲ့ တော်လှန်ရေးအင်အားစုတွေက ထိုအချက်ကို သဘောတူညီဖို့ ခက်ခဲပါတယ်။
ကမ္ဘာတစ်ဝှမ်း ပဋိပက္ခတွေများစွာ ဖြစ်ပွားနေတာကြောင့် အမေရိကန်နိုင်ငံ အပါအဝင် အင်အား ကြီး ဒီမိုကရေစီတိုင်းပြည်တွေက မြန်မာ့အရေးကို စိတ်ဝင်စားမှု နည်းပါးလို့ လက်ရှိ မတိုးသာမဆုတ် သာအခြေအနေဟာ ဆက်လက်ဖြစ်နေပါလိမ့်မယ်။
Council on foreign relations ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Joshua Kurlantzick ရေးသားထားတဲ့ Will 2024 be the junta’s end in Myanmar? ကို ဆီလျော်အောင် ဘာသာပြန်ထားပါသည်။
#Ayeyarwaddy_Times