
ဧရာဝတီတိုင်းမ်
မေ ၁၅ ရက်
သမ္မတ အီမန်နျူရယ်မေခရွန်နဲ့ ယူကရိန်းသမ္မတ ဇီလန်စကီးတို့ ဖုန်းဖြင့် ဆွေးနွေးပြီးနောက် ပြင်သစ်က ယူကရိန်းသို့ လာမယ့်ရက်တွေအတွင်း ထပ်တိုး စစ်ရေးအကူအညီ ပေးအပ်မယ်လို့ ပြင်သစ် သမ္မတရုံးက အင်္ဂါနေ့မှာ ပြောပါတယ်။
“ပြင်သစ်နိုင်ငံက လိုအပ်သော အကူအညီအားလုံး ပေးအပ်မယ်လို့ သမ္မတ မေခရွန်က ထပ် လောင်းပြောကြားခဲ့ပါတယ်။ ယူကရိန်းစစ်တပ်ရဲ့ ကြိုးပမ်းမှုတွေကို ထောက်ခံသောအားဖြင့် လာမယ့်သီ တင်းပတ်တွေအတွင်း စစ်ရေးအကူအညီတွေ ပေးအပ်ဖို့လည်း သူက ပြောပါတယ်” လို့ ပြင်သစ်သမ္မတ ရုံးက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
ပြင်သစ်က ယူကရိန်းသို့ပေးအပ်မယ့် စစ်ရေးအကူအညီထဲမှာ ဘာတွေပါရှိတယ်ဆိုတာကိုတော့ ပြင်သစ်သမ္မတရုံး တာဝန်ရှိသူတစ်ဦးက ရှင်းပြဖို့ ငြင်းဆန်ခဲ့ပါတယ်။
ဒီနှစ်နွေရာသီ ပါရီအိုလံပစ်ပြိုင်ပွဲကာလအတွင်း အပစ်အခတ်ရပ်စဲဖို့ ထောက်ခံကြောင်း ဇီလန်စ ကီးနဲ့ ဖုန်းပြောဆိုမှုအတွင်း မေခရွန်က ပြောဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံက စစ်ဆင်ရေးတွေ ရပ်ဆိုင်းပြီး စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဆောင်ဖို့ အသုံးဝင်သော သံ တမန်နည်းလမ်းတွေအားလုံး လုပ်ဆောင်တာတွေ ပါဝင်မယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ပါရီအိုလံပစ်ပြိုင်ပွဲကာလအတွင်း တစ်ကမ္ဘာလုံးမှာ အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုချက်ကို ပြီးခဲ့ တဲ့အပတ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထောက်ခံခဲ့ပါတယ်။
ကိုးကား – Reuters
Ref; France to send extra military aid to Ukraine shortly, says Elysee
#Ayeyarwaddy_Times