ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ဂါဇာနဲ့ရာဖာမှာ အစ္စရေးက စစ်ဆင်ရေးတွေ ဆက်လက်ပြုလုပ်တာဟာ ဒေသတွင်း တည်ငြိမ်မှု အတွက် ကြောက်မတ်ဖွယ်ရာ အန္တရာယ်တစ်ခုလို့ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး ဆမ်မီရှော်ကရီက ပြောပါ တယ်။
တနင်္လာနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ ဖုန်းမှတစ်ဆင့် ဆွေး နွေးစဉ် သူက အခုလို ပြောဆိုခဲ့တာပါ။
အီဂျစ်နဲ့ဂါဇာကြား နယ်စပ်တစ်လျောက် ရာဖာနယ်စပ်ဂိတ် ပိတ်သိမ်းတာဟာ ကြောက်မတ်ဖွယ် ရာ လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်တွေ ရှိစေမယ်လို့ သူက သတိပေးပါတယ်။
ပါလက်စတိုင်းတွေကို ဂါဇာဒေသပြင်ပ မောင်းထုတ်တာကို မမြင်တွေ့လိုဘူးလို့ ရှော်ကရီနဲ့ ဘ လင်ကန်က ပြောပါတယ်။ ပဋိပက္ခကို အရှေ့အလယ်ပိုင်း အခြားဒေသများသို့ မပျံ့နှံ့အောင် တားဆီးမယ် လို့ ၎င်းတို့က ဆိုပါတယ်။
အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှတစ်ဆင့် ရာဖာဒေသမှ အစ္စရေးတပ်ဖွဲ့တွေ ရုတ်သိမ်းဖို့ အီ ဂျစ်အာဏာပိုင်တွေက ဖိအားပေးနေပါတယ်။ တောင်အာဖရိကနိုင်ငံက အစ္စရေးကို လူမျိုးသုဉ်းသတ် ဖြတ်မှုနဲ့ တရားစွဲဆိုထားမှုကို ထောက်ခံတယ်လို့ အီဂျစ် အာဏာပိုင်တွေက ဆိုပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားတာ အပါအဝင် တိုက်ခိုက်မှုတွေ ဆိုးရွားလာတာကြောင့် ICJ အ မှုမှာ ပူးပေါင်းဖို့ ဆုံးဖြတ်ခဲ့တာလို့ ၎င်းတို့က ဆက်ပြောပါတယ်။
အစ္စရေးတပ်ဖွဲ့တွေက ပါလက်စတိုင်း အရပ်သားတွေကို မည်သည့် လူ့အခွင့်အရေးချိုးဖောက်မှု မျှ မကျူးလွန်ဖို့လည်း အီဂျစ်တာဝန်ရှိသူတွေက တောင်းဆိုခဲ့ပါတယ်။
ကိုးကား – NHK
Ref; Egyptian foreign minister warns of ‘dangers’ of Rafah operations
#Ayeyarwaddy_Times