ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်
ပြီးခဲ့တဲ့လအတွင်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာက မြန်မာ တိုင်းရင်းသားလက်နက် ကိုင် တော်လှန်ရေး အင်အားစုတချို့နဲ့ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတဲ့ သတင်းတွေက အ များစုကို အံ့ဩစေခဲ့ပါတယ်။
အသက် ၇၄ နှစ်အရွယ် သက်ဆင်ဟာ လက်ရှိအချိန်ထိ တရားဝင် ထောင်ဒဏ်ကျခံနေရဆဲဖြစ်ပြီးလွတ်ငြိမ်းချမ်းသာခွင့်သာ ရရှိထားတာပါ။ သူက ဩဂုတ်လမှာ ပြစ်ဒဏ်ကနေ အပြီးတိုင် လွတ်မြောက် မှာဖြစ်ပါတယ်။
ဖေဖော်ဝါရီလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ထိုင်းရဲတပ်ဖွဲ့ အထွေထွေဆေးရုံကြီးမှာ လူနာအဖြစ် ကု သပြီးလို့ လွတ်မြောက်လာချိန်ကတည်းက သက်ဆင်ဟာ သူ့အဖွဲ့နဲ့အတူ သူ့အပေါ် ထောက်ခံမှုအား ကောင်းတဲ့ ချင်းမိုင်နဲ့ဖူးခက်တို့လို နယ်မြေတွေဆီ သွားရောက်ခဲ့ပါတယ်။ အဲဒီဒေသတွေမှာ ဒေသန္တရ တာဝန်ရှိသူတွေက သက်ဆင်ကို နှုတ်ဆက်ခဲ့ပြီး ရဲတွေက လုံခြုံရေး ယူပေးခဲ့ပါတယ်။
ဒါပေမယ့် မြန်မာတော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးတယ် ဆိုတာကတော့ သက်ဆင်ရဲ့ စည်းကျော်တဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။ အတည်ပြုထားတဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်းဌာနတွေ ရဲ့ ဖော်ပြချက်အရ သက်ဆင်ရဲ့ စည်းရုံးရေးအဖွဲ့တွေဟာ မြန်မာနိုင်ငံရှိ အဓိက တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့တွေဆီ ချဉ်းကပ်ပြီး မြန်မာ့အရေး ကြားဝင်ဆွေးနွေးမှုတွေမှာ သက်ဆင်ကို ကိုယ်စားလှယ်အ ဖြစ် ခန့်အပ်ပေးဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။
ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ကြားပွဲစား လုပ်ပေးမယ့် သက်ဆင်ရဲ့ ကမ်းလှမ်းချက်ဟာ အခြေအနေတွေကို ပိုရှုပ်ထွေးသွားစေပါတယ်။ သက်ဆင် ဝင်ပါလိုက်တဲ့အတွက် မြန်မာ့အရေးနဲ့ ပတ်သက်တဲ့ ထိုင်းနိုင်ငံ ခြားရေး မူဝါဒတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှု ရှိလာမလဲဆိုတာကို ပညာရှင်တွေနဲ့ လွှတ် တော်အမတ်တွေက စိုးရိမ်နေကြပါတယ်။
သက်ဆင်က တိုင်းရင်းသား တော်လှန်ရေး အင်အားစုတွေကို ဘာတွေ ပြောခဲ့ပါသလဲ။ သူ့ရဲ့ စွမ်းဆောင် နိုင်စွမ်းက ဘယ်လောက်ရှိပါသလဲ။ သူ့ရဲ့ သဘောထားအမှန်က ဘာလဲ။ သူကမ်းလှမ်းခဲ့တဲ့ ကိစ္စတွေက ရော မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ဖြေရှင်းပေးချင်တဲ့ ထိုင်း အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒနဲ့ ကိုက်ညီပါသလား။ သက်ဆင် အခုလိုလုပ်တာကို ထိုင်းအစိုးရက သိရှိခဲ့ပါ သလား။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံရဲ့ အထူးကိုယ်စားလှယ် Alounkeo Kittikhoun ကရော သက်ဆင်ရဲ့လုပ်ရပ်ကို သိခဲ့ရဲ့လား။
သက်ဆင်ရဲ့ ကြိုးပမ်းမှုဟာ အများကောင်းကျိုးအတွက် လုပ်ဆောင်တာ ဖြစ်နိုင်ပါတယ်။ အောင်မြင် သော ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေဟာ သြဇာတိက္ကမရှိသော လူပုဂ္ဂိုလ်တွေ ဦးဆောင်ပေးဖို့ လိုအပ်ပါ တယ်။ ဒီကိစ္စမျိုးကို လုပ်ဆောင်ရာမှာ သတိထားရမှာဖြစ်ပြီး သက်ဆိုင်ရာ အစိုးရတွေရဲ့ အသိအမှတ်ပြု မျိုးလည်း လိုအပ်ပါတယ်။
ငြိမ်းချမ်းရေး ပွဲစားလုပ်ဖို့ ပြီးခဲ့တဲ့လမှာ သက်ဆင် ကြိုးပမ်းခဲ့တဲ့ ကိစ္စဟာ အခုလမှာတော့ သတင်းမီဒီ ယာတွေကို ပေါက်ကြားခဲ့ပါတယ်။
မြန်မာ့အရေးအတွက် ကြားဝင်စေ့စပ်ပေးတဲ့ကိစ္စဟာ ကုန်သွယ်ရေး သဘောတူညီမှုတွေ ပြုလုပ်တာနဲ့မ တူသလို နိုင်ငံရေးအဖြေရှာမှုလည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာ တမူထူးခြားတဲ့ နောက်ခံသမိုင်းတွေ ရှိခဲ့သလို တိုင်းရင်းသား အင်အားစုကြီး ၈ ခုအပါအဝင် တိုင်းရင်းသားမျိုးနွယ် ၁၃၅ စု ရှိပါတယ်။
အဆိုပါတိုင်းရင်းသားမျိုးနွယ်စုတွေဟာ နယ်စပ်ဒေသတွေမှာ အဓိက နေထိုင်ကြကာ ထိန်းချုပ်နယ်မြေ တွေကို ချဲ့ထွင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ သဘာဝအရင်းအမြစ်တွေကို ထိန်းချုပ်ခွင့်ရဖို့ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။
တိုင်းရင်းသားတွေ သူတလူ ငါတမင်း ဖြစ်နေတာတွေကို စုစည်းနိုင်ဖို့ မြန်မာနိုင်ငံမှာ အာဏာစက်နဲ့ အုပ်စိုးခဲ့တဲ့ စစ်တပ်နဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရ တွေကပါ ကြိုးစားခဲ့ဖူးပေမယ့် အောင်မြင်မှု နည်းပါးခဲ့ပါတယ်။
မြန်မာပဋိပက္ခဟာ ပိုပြီးတော့ ရှုပ်ထွေးလာပြီး အခြားတိုင်းပြည်တွေက တိုင်းရင်းသားလက်နက်ကိုင် တွေနဲ့ အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ထွန်းလာတဲ့ တော်လှန်ရေး အင်အားစုအသစ်တွေကို ပံ့ပိုးပေးနေ ကြပါတယ်။
ထိုင်းအစိုးရနဲ့ အာဆီယံတို့ဟာ မြန်မာ့အရေးကို သတိကြီးကြီးနဲ့ ကိုင်တွယ်ရင်း လူသားချင်းစာနာမှု အ ကူအညီတွေ ပေးပို့ရေးကို အခြေခံပြီး ဆွေးနွေးမှုတွေကို လမ်းဖွင့်ပေးမယ့် ဘက်မလိုက် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါတယ်။ လွဲချော်မှု တခုခု ရှိလာပါက စေ့စပ်ဆွေးနွေးမှုတွေနဲ့ လူသားချင်းစာနာမှု အထောက်အပံ့ တွေ ပေးပို့ရေးကို ပိုမို ခက်ခဲစေပါတယ်။
အစောပိုင်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa က မြန်မာမှ အင်အားစုတွေနဲ့ သက် ဆင် ဆွေးနွေးတာဟာ ပုဂ္ဂိုလ်ရေးသာဖြစ်ပြီး ထိုင်းအစိုးရ မူဝါဒတွေနဲ့ မပတ်သက်ဘူးလို့ ပြောကြားခဲ့ပါ တယ်။ ဒါပေမယ့် အချို့ဝန်ကြီးဌာနတွေက မြန်မာ့အရေးမှာ သက်ဆင်ရဲ့ကူညီမှုကို ကြိုဆိုခဲ့ပါတယ်။
မရှင်းလင်းတဲ့ ရပ်တည်ချက်တွေက ထိုင်းနိုင်ငံရဲ့ သံခင်းတမန်ခင်းကို ထိခိုက်စေလို့ ရှင်းလင်းပြတ်သား မှုနဲ့ ပွင့်လင်းမြင်သာမှုတွေ မဖြစ်မနေ လိုအပ်ပါတယ်။
သက်ဆင်ဟာ ထိုင်းအစိုးရနဲ့ ပတ်သက်မှု ဘာမှ မရှိပေမဲ့ လက်တွေ့မှာ သူဟာ အာဏာရညွန့်ပေါင်းအစိုး ရအပေါ် ဩဇာလွှမ်းမိုးမှု ရှိနေပါတယ်။ သက်ဆင်ရဲ့လုပ်ရပ်နဲ့ စကားတိုင်းက ထိုင်းအစိုးရရဲ့ သဘော ထားကို ထင်ဟပ်စေတယ်ဆိုတဲ့ ထင်မြင်ယူဆခံရမှုမျိုး အနည်းနဲ့အများ ရှိကြမှာပါပဲ။
Bangkok Post သတင်းစာပါ အယ်ဒီတာ့အာဘော် Keep quiet on Myanmar ကို ဆီလျော်အောင် ဘာ သာပြန်ထားပါသည်။
#Ayeyarwaddy_Times