ဧရာဝတီတိုင်းမ်
မေ ၁၄ ရက်

ရုရှားကျူးကျော်စစ် ရင်ဆိုင်နေရတဲ့ ယူကရိန်းအတွက် အမေရိကန်နိုင်ငံရဲ့ မဆုတ်မနစ်သော ပံ့ ပိုးကူညီမှုကို မီးမောင်းထိုးပြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ဟာ ကိယက်ဗ်မြို့ ကို ရောက်ရှိလာခဲ့ပါတယ်။

ဘလင်ကန်ဟာ သမ္မတ ဇီလန်စကီးနဲ့ နိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလီဘာ အပါအဝင် ယူက ရိန်းအစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

၎င်းတို့ဟာ စစ်မြေပြင်အခြေအနေတွေ၊ အမေရိကန်ရဲ့ လုံခြုံရေးနဲ့ စီးပွားရေးအကူအညီသစ် အ ကျိုးသက်ရောက်မှုနဲ့ ယူကရိန်းစီးပွားရေးပြန်လည်ထူထောင်ဖို့ လုပ်ဆောင်မှုတွေကို ဆွေးနွေးဖို့ မျှော် မှန်းရပါတယ်။

ယူကရိန်းသို့ အကူအညီပေးတာပါဝင်တဲ့ ကြန့်ကြာနေသော ပြည်ပအကူအညီပေးရေး အစီအစဉ် ကို ကွန်ဂရက်က အတည်ပြုပြီးနောက် ပြီးခဲ့တဲ့လအတွင်း ယူကရိန်းအတွက် အမေရိကန်နိုင်ငံရဲ့ စစ်ရေး အကူအညီ ပြန်လည်စတင်ခဲ့ပါတယ်။

ဒီမိုကရက်တစ်နဲ့ ရီဗက်ပလီကင်ပါတီတွေကြား သဘောထားကွဲလွဲမှုတွေကြောင့် ပြည်ပအကူအ ညီပေးရေး အစီအစဉ် ကြန့်ကြာခဲ့တာဖြစ်ပါတယ်။

ပက်ထရီးယော့ဒုံးခွင်းစနစ်၊ အမြောက်ကျည်တွေနဲ့ သံချပ်ကာယာဉ်တွေ ပါဝင်တဲ့ ယူကရိန်းအ တွက် ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ စစ်ရေးအကူအညီကို အမေရိကန်အစိုးရက ပြီးခဲ့တဲ့အပတ်မှာ ကြေညာခဲ့ပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ခါကတ်ဗ်ဒေသမှာ မြေပြင်ထိုးစစ်ဆင်မှု လုပ်ဆောင် နေချိန်မှာ ယူကရိန်းသို့ စစ်ရေးအူကအညီပေးအပ်မှု အရှိန်မြှင့်ဖို့ အမေရိကန်အစိုးရက ပြင်ဆင်နေပါ တယ်။

ကိုးကား – NHK
Ref; US top diplomat Blinken arrives in Kyiv

#Ayeyarwaddy_Times