ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

ခန့်မှန်းချေ ဒေါ်လာ သန်း ၃၀ အကုန်အကျခံပြီး ယူကရိန်းနိုင်ငံသို့ HIMARS ဒုံးကျည်တွေနဲ့ ဆက်စပ်ပစ္စည်းတွေ ရောင်းချဖို့ ကွန်ဂရက်သို့ အကြောင်းကြားခဲ့တယ်လို့ အမေရိကန်အစိုးရက ပြောပါ တယ်။

ဒုံးကျည်ဝယ်ယူမယ့် ကုန်ကျစရိတ်ကို ယူကရိန်းကိုယ်စား ဂျာမနီအစိုးရက ထောက်ပံ့မယ်လို့ အ မေရိကန်အစိုးရက ဆိုပါတယ်။

စစ်သုံးယာဉ်တစ်စင်းပေါ်မှာ တပ်ဆင်ရတဲ့ ဒုံးပစ်စနစ်တစ်မျိုးဖြစ်တဲ့ HIMARS ဟာ ရွေ့လျားမှု နဲ့ တိကျသော ပစ်ခတ်မှုစွမ်းရည်ရှိတယ်လို့ ဆိုပါတယ်။

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းနိုင်ငံအရှေ့ပိုင်း ခါကတ်ဗ်ဒေသကို တိုက်ခိုက်မှုပြုလုပ်ခဲ့တာကြောင့် အမေရိကန်အစိုးရက ယူကရိန်းသို့ စစ်ရေးအကူအညီတွေ မြန်ဆန်စွာ တိုးမြှင့်ပေးအပ်ပါနေပါတယ်။

HIMARS ဒုံးကျည်တွေက ယူကရိန်းစစ်တပ်ရဲ့ ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်ပေးမယ်လို့ အမေရိကန်အစိုးရရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။

ယူကရိန်းသို့ ဒေါ်လာ သန်း ၄၀၀ တန်ကြေးရှိ စစ်ရေးအကူအညီ ပေးအပ်မယ့်အစီအစဉ်ကို မ ကြာမီ အမေရိကန်အစိုးရက ကြေညာမှာဖြစ်ပါတယ်။

ကိုးကား – NHK
Ref; US to sell High Mobility Artillery Rocket System to Ukraine

#Ayeyarwaddy_Times