ဧရာဝတီတိုင်းမ်
မေ ၁၂ ရက်

မကွေးတိုင်းအတွင်းရှိ မြို့‌ လေးမြို့တွင် အထက်အမိန့်အရဟုဆိုကာ မြို့အတွင်း၌ Mask တပ်ထားသူများ နှင့် လွယ်အိတ်စလွယ်သိုင်း လွယ်ထားသူများကို ဖမ်းဆီးမည်ဟု ကြေညာထားကြောင်း ဒေသခံများထံက သိရသည်။

မကွေး၊ အောင်လံ၊ တောင်တွင်းကြီးနှင့် ပခုက္ကူမြို့နယ်များအတွင်းတွင် Mask တပ်ထား သူများနှင့် လွယ် အိတ်စလွယ် သိုင်းလွယ်ထားသူများကို တည်ဆဲဥပဒေ အတိုင်း အရေးယူဖမ်းဆီးမည်ဟုဆိုကာ မေ ၉ ရက်နေ့တွင် စစ်ကောင်စီနှင့် အုပ်ချုပ်ရေး အဖွဲ့များက လိုက် လံကြေညာခဲ့သည်ဟု ဆိုသည်။

“Mask မတပ်ရဘူး၊ လွယ်အိတ်ကို စလွယ်သိုင်းမလွယ်ရဘူး။ ပြီးတော့ ဦးထုပ် ဆောင်းရင်လည်း ချွတ်ခိုင်းတယ်။ သေမှာကြောက်နေကြတာ။ အာ့လိုပုံစံမြင်ရင်ကို သူတို့လန့်နေပြီ။ အဲဒါကြောင့် ဖမ်းမယ်ဆိုပြီး လုပ်တာ” ဟု အောင်လံမြို့နေ ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

စစ်ကောင်စီမှ ညွန်ကြားလာသည့် စာထဲတွင် PDF အကြမ်းဖက်သူများမှ ရဟန်း သံဃာများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အပြစ်မဲ့ပြည်သူများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးတာဝန်ထမ်းဆောင်သူများကို မကြာခဏ သတ်ဖြတ်မှုဖြစ်ပေါ်လျက်ရှိသည်။

ယင်းသို့ သတ်ဖြတ်သူများသည် Mask များတပ်ဆင်ထားခြင်း၊ လက်နက်၊ ခဲယမ်း ထည့်သည့် အိတ်များကို စလွယ်သိုင်း၍ သွားလာလုပ်ကြံခြင်းတို့ကြောင်း ယခုလို လုံး၀(လုံး၀) မပြုလုပ်ရန်တားမြစ်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုထုတ်ပြန်သည့်အမိန့်သည် အများပြည်သူအကျိုး ငှာ ရည်ရွယ်ထုတ်ပြန်ခြင်းဖြစ်ပြီး လိုက်နာရန်ပျက် ကွက်လျှင် တည်ဆဲဥပဒေအရ အရေးယူမည်ဟု ဖော် ပြထားသည်။

“စစ်ကောင်စီက ဥပဒေကို လုပ်ချင်ရာတွေ လုပ်နေတာ။ လူတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာမဝတ်ရနဲ့။ ခုဆိုလည်း စလွယ်သိုင်းလွယ်တာ မလွယ်တာထက် လွယ်တာကို မကြိုက်တာ။ သူတို့က ပုံစံမျိုးစုံနဲ့ကို ဖိနှိပ်နေတာ” ဟု ပခုက္ကူမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။

စစ်ကောင်စီက ထိုသို့ထုတ်ပြန်ထားသည့် အမိန့်သည် ထုတ်ပြန်သည့်ရက်မှစတင်၍ ရက်ပေါင်း ၆၀ အတွင်း အတည်ဖြစ်သည်ဟု ဆိုထားသည်။

ယင်းသို့ထုတ်ပြန်သည့် အပေါ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ရသလို တော်လှန်နေတဲ့ သူတွေကို ဘယ် လိုအမိန့်တွေကမှ မတားဆီးနိုင်ပါဘူး။ ကျွန်တော်တို့ လည်း စတိုင်ပြောင်းလာမှာပေါ့ဗျာ” ဟု ဆိုသည်။

#မကွေး #မြို့နယ်၄မြို့နယ် #Mask #မတပ်ရ #လွယ်အိတ် #စလွယ်သိုင်းမလွယ်ရ #ဖမ်းဆီးမည် #ထုတ်ပြန် #Ayeyarwaddy_Times