ဧရာဝတီတိုင်းမ်
မေ ၁၁ ရက်

သောကြာနေ့ နေ့လည်ပိုင်းက ဆောင်ခလာဘူရီခရိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက် မှာ တိုက်ပွဲတွေနဲ့ ဗုံးပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၀ ကျော် ထိုင်းနိုင်ငံထဲကို ထွက်ပြေးခဲ့တယ် လို့ သိရပါတယ်။

ဘုရားသုံးဆူမြို့မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ လက်နက်ကြီးတွေနဲ့ ဗုံးတွေ အသုံးပြုခဲ့ပြီး ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးတွေကို နယ်စပ်ရှိ ထိုင်းဘက်ခြမ်းမှာ မြင်တွေ့ခဲ့ရတယ်လို့ နယ် စပ်သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

တိုက်ပွဲကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အပါအဝင် ဘုရားသုံးဆူဒေသခံ ၁၀၀ ကျော်ဟာ နယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းမြေမှာ ခိုလှုံခဲ့တယ်လို့ သိရပါတယ်။

သေနတ်သံတွေနဲ့ ကျယ်လောင်သော ပေါက်ကွဲသံတွေ မဖြစ်ပေါ်မီ တိုက်ပွဲတွေဟာ မိနစ် ၄၀ ခန့် ကြာမြင့်ခဲ့တယ်လို့ နယ်စပ်သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဘုရားသုံးဆူမြို့ဟာ မြန်မာစစ်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား ပြင်းထန်သော တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ မြဝတီမြို့ရဲ့တောင်ဘက် ကီလိုမီတာ ၁၅၀ အကွာခန့်မှာ တည်ရှိပါတယ်။

ဆောင်ခလာဘူရီခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ ရဲမှူးကြီး ပိုင်သွန်းဆရီဝီလိုင်နဲ့ အမှတ် ၁၃၄ နယ် ခြားစောင့်တပ်ရင်း တပ်မှူး ဒုတိယဗိုလ်မှူးကြီး အတ်သာဖိုဖေဆာတို့က အခြေအနေကို စောင့်ကြည့်ဖို့နဲ့ ထွက်ပြေးလာတဲ့ ရွာသားတွေကို ကူညီပေးဖို့ ရဲတပ်ဖွဲ့ဝင်တွေ၊ စစ်သားတွေနဲ့ ဒေသန္တရ တာဝန်ရှိသူတွေ ကို ဦးဆောင်ခဲ့ပါတယ်။

တိုက်ပွဲတွေ ငြိမ်သက်သွားပြီးနောက် မြန်မာရွာသားအချို့ ဘုရားသုံးဆူမြို့သို့ ပြန်သွားခဲ့ပေမယ့် ၄၀ ခန့်က ယာယီစစ်ရှောင်စခန်းမှာ နေထိုင်ကာ နေရပ်ပြန်ဖို့ မသေချာပါဘူး။

နယ်ခြားစောင့်ရဲဗျူရို ဒုတိယကော်မရှင်နာ ရဲဗိုလ်ချုပ် Rungroj Thakoonpunyasiri နဲ့ အကြီး တန်းအရာရှိတွေဟာ နယ်စပ်အခြေအနေကို စစ်ဆေးခဲ့ကြပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar clash sends civilians fleeing into Kanchanaburi

#Ayeyarwaddy_Times