ဧရာဝတီတိုင်းမ်
ဇွန်လ ၂၆ ရက်

မကြာသေးမီက ဂျာမနီနိုင်ငံကနေပြန်လာတဲ့ လူတစ်ဦး မျောက်ကျောက်ရောဂါ ကူးစက်ခံရလို့ ထိုင်ဝမ်မှာ ပထမဆုံး တွေ့ရှိတဲ့ကူးစက်မှုဖြစ်တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ပြောကြားခဲ့ပါတယ်။
ဂျာမနီကနေ ထိုင်ဝမ်ကိုပြန်လာတဲ့ လူတစ်ယောက်ဟာ လေးရက်အကြာမှာ ဖျားနာခြင်း၊ လည်ချောင်းနာ ခြင်း၊ ကြွက်သားနာကျင်ခြင်း၊ အရေပြားမှာ အဖုအပိန့်ထခြင်း စတဲ့လက္ခဏတွေ ခံစားလာခဲ့ရတယ်လို့ အဲဒီဌာနက ထုတ်ပြန်ချက်တစ်ခုမှာ ပြောပါတယ်။
နောက်နှစ်ရက်အကြာမှာ သူက ဆေးရုံမှာပြကြည့်ရာမှာ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက သံသယဖြစ် ဖွယ်ရာ မျောက်ကျောက်ရောဂါအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဇွန်လ ၂၄ ရက်မှာတော့ အဲဒီပုဂ္ဂိုလ်ရဲ့ ဆေးဝါးဆိုင်ရာ စမ်းသပ်မှုက အဖြေထွက်ရှိခဲ့ပြီး ထိုင်ဝမ်မှာ ပထမ ဆုံး အတည်ပြုတဲ့ မျောက်ကျောက်ရောဂါကူးစက်မှု ဖြစ်လာခဲ့တယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ပြော ပါတယ်။
ဂျာမနီနိုင်ငံမှာ ပညာသင်ကြားနေတဲ့ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူကို လက်ရှိမှာ ဆေးရုံတစ်ရုံ၌ သီးခြားခွဲထားရှိပြီး ကျန်းမာရေးအာဏာပိုင်တွေက ထိတွေ့မှုရှိတဲ့သူတွေကို ခြေရာခံနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူနဲ့ ကျန်းမာရေးလုပ်သားဆယ်ဦး၊ ဆွေမျိုးနှစ်ဦး အပါအဝင် လူ ၁၉ ဦး ထိတွေ့ခဲ့ပြီး သူတို့ရဲ့အခြေအနေကို စောင့်ကြည့်နေတယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာ န ဒုတိယညွှန်ကြားရေးမှူး ချောင်ဂျန်ဆိုင်က သတင်းထောက်တွေကို ပြောပါတယ်။
ထိုင်ဝမ်ရဲ့ ပထမဆုံး မျောက်ကျောက်ရောဂါ အတည်ပြုကူးစက်မှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းထံ အကြောင်းကြားသွားမယ်လို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာနက ပြောပါတယ်။
ကိုးကား – CNA
Ref; Taiwan reports first monkeypox case