ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
စစ်ကောင်စီက အာဆီယံအဖွဲ့နဲ့ သဘောတူညီထားတဲ့ ဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက် မှုမရှိဘူးဆိုရင် မြန်မာ့နိုင်ငံရေးအကျပ်အတည်းက ပြည်တွင်းစစ်အဖြစ် ပြောင်းလဲသွားနိုင်တဲ့ အန္တရာယ်တစ်ခု ရှိနေတယ်လို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဗီဗီယန်ဘာလာခရစ်ရှ်နန်က ပြောကြားလိုက်ပါတယ်။
“ပွင့်ပွင့်လင်းလင်းပြောရရင် အာဏာသိမ်းမှုကပြည်တွင်း စစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိနေပါတယ်။ အာ ဆီယံ ဘုံသဘောတူညီချက် အကောင်အထည်ဖော်ရာမှာလည်း တိုးတက်မှုမရှိခဲ့ပါဘူး” လို့ ၄င်းက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်တဲ့ ၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးအပြီးမှာ ၄င်းက စင်ကာပူ သတင်းထောက်တွေကို အခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်ဆန်နဲ့ အာဆီယံ အထူးကိုယ်စားလှယ် ပရတ်ဆိုခွန်တို့က ပြစ်ဒဏ်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားလေးဦး ကြိုးပေးကွက်မျက်မှုကို ၄င်းက ရှုတ်ချခဲ့ပါတယ်။
လာမယ့် နိုဝင်ဘာလတွင် အာဆီယံခေါင်းဆောင်တွေ တွေ့ဆုံချိန်မှာ မြန်မာစစ်ကောင်စီနဲ့ပတ်သက်တဲ့ ရွေးချယ်စရာအချို့ကို ဝန်ကြီးတွေက ဖော်ထုတ်မယ်လို့ သူက ဆိုပါတယ်။
“လာမယ့် လအနည်းငယ်အတွင်း စစ်ကောင်စီက အကြမ်းဖက်မှုတွေ ရပ်တန့်ပြီး အတိုက်အခံတွေနဲ့ ထိ တွေ့ဆက်ဆံကာ အာဆီယံ အထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုမယ်ဆိုရင် အပြုသ ဘောဆောင်တဲ့ ခြေလှမ်းတွေဖြစ်လာပါလိမ့်မယ်” လို့ ၄င်းက ပြောပါတယ်။
မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ရှေ့ဆက်လုပ်ဆောင်နိုင်မယ့် တစ်ခုတည်းသောနည်းလမ်းက အ မျိုးသား ပြန်လည်ရင်ကြားစေ့ရေးသာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဓာတ်ပုံ – ပုံဟောင်း(လူမှုကွန်ယက်)။
ကိုးကား – The Straits Times
Ref; Vivian Balakrishnan warns of real danger that Myanmar could be headed for civil war