ဧရာဝတီတိုင်းမ်
သြဂုတ်လ ၆ ရက်
အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာငွေလဲနှုန်းကို ၂၁၀၀ ကျပ်အဖြစ်ပြောင်းလဲသတ်မှတ်တယ်လို့ မနေ့ညပိုင်းမှာ စစ်တပ်ထိန်း ချုပ်မီဒီယာတွေကနေတဆင့်ထုတ်ပြန်ပါတယ်။
လာမယ် သြဂုတ်လ ၈ ရက်နေ့က စလို့အဲ့ဒီနှုန်းနဲ့ လဲလှယ်ရမှာဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလကစလို့ ၁၈၅၀ ကျပ်နှုန်းနဲ့ လဲလှယ်ဖို့သတ်မှတ်ခဲ့တာကနေ ၂၁၀၀ ကျပ်ကိုတိုးမြှင့်ပေးလိုက်တာပါ။
ယခင် ဗဟိုဘဏ်ငွေလဲနှုန်းကို ၁၈၅၀ ကျပ်အဖြစ် စစ်ကောင်စီက သတ်မှတ်ထားခဲ့ပေမယ့် ပြင်ပပေါက်စျေး က ၂၆၀၀ ကနေ ၂၈၀၀ ကျပ်အထိ ဖြစ်ပေါ်နေခဲ့ပါတယ်။