ဧရာဝတီတိုင်းမ်
မေ ၅ ရက်

အာဏာသိမ်းပြီး နှစ်လအကြာ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တာဟန်းဆန္ဒပြပွဲမှာ ဆန္ဒပြသူတွေဟာ ၎င်းတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့ လက်လုပ်သေနတ် တွေကို ကိုင်စွဲခဲ့ရာမှ အရပ်ဘက် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့ပါတယ်။ နောက်သုံးနှစ်အကြာမှာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခအခင်းအကျင်းဟာ အပြောင်းအလဲကြီးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံအနှံ့ ပြည်သူတွေရဲ့ တွန်းလှန်မှုများ ရင်ဆိုင်နေရပြီး မကြုံစဖူး နယ်မြေတွေ၊ မ ဟာဗျူဟာအရေးပါတဲ့ စစ်စခန်းတွေကို လက်လွှတ်ခဲ့ရပါတယ်။ ပြည်သူ့ထောက်ခံမှု ကျယ်ကျယ်ပြန့်ပြန့် ရရှိထားတဲ့ တော်လှန်ရေးတပ်တွေဟာ အချင်းချင်း ညှိနှိုင်းဆောင်ရွက်မှုနဲ့ လက်နက်အင်အား ကောင်း မွန်လာမှုကြောင့် မြန်မာစစ်ကောင်စီအတွက် နောက်ကြောင်းပြန်လှည့်၍မရတော့ပဲ ဘေးကျပ်နံကျပ် ရင် ဆိုင်နေရပါတယ်။

ကမ္ဘာတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခတွေကို စောင့်ကြည့်နေတဲ့ Armed Conflict Locations & Event Data Project (ACLED) ရဲ့ အစီရင်ခံစာအရ ပဋိပက္ခ ဖြစ်ပွားနေသော နိုင်ငံ ၅၀ အနက် မြန်မာမှာ အ ကြမ်းဖက်မှု အများဆုံး ဖြစ်ပွားနေပေမယ့် နိုင်ငံတကာရဲ့ အလေးထားမှုကို မဆိုသလောက်သာ ရရှိခဲ့ပါ တယ်။

မြန်မာနိုင်ငံဟာ ဘယ်လိုမှ ပြန်လည်ရင်ကြားစေ့မရအောင် ကွဲပြဲနေပြီး အာဏာသိမ်း စစ်ကောင် စီဟာ အဆုံးသတ်မှာ အနိုင်ရလိမ့်လို့ ယူဆခဲ့ပါတယ်။

တိုင်းပြည်အချို့က မူဝါဒချမှတ်သူတွေဟာ ရွေးချယ်စရာမရှိတာကြောင့် အာဏာသိမ်းစစ်ကောင်စီနဲ့ ထိ တွေ့ဆက်ဆံရတယ်လို့ ဆိုပါတယ်။ ၎င်းတို့ရဲ့ ထင်မြင်ချက်တွေဟာ တက်တက်စင် လွဲမှားနေပြီဆိုတာ ကို ပြီးခဲ့တဲ့ သုံးနှစ်တာကာလက ရှင်းလင်းစွာ ပြသနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း တော်လှန်ရေး လှုပ်ရှားမှုနဲ့ လက်နက်ကိုင်ပဋိပက္ခကို အနီးကပ် စောင့်ကြည့်လေ့လာခဲ့တာကြောင့် မူဝါဒ ဆွေးနွေးမှု တွေ ပြုလုပ်နိုင်တဲ့ အချက် ၉ ချက် ချပြလိုပါတယ်။

နံပါတ် (၁) အချက်က နွေဉီးတော်လှန်ရေးဟာ နိုင်ငံတကာ မျှော်လင့်ထားတာထက် အောင်မြင်လာခဲ့ပြီး ထိုသို့ ဖြစ်လာမှာကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမြင်ထားပြီး ဖြစ်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ဟာ အင်အားကြီးမားသော စစ်တပ်ကို အနိုင်မတိုက်နိုင်ဘူးလို့ နိုင်ငံတကာ လေ့လာဆန်းစစ်သူတွေက ယူဆခဲ့ပေမယ့် ပြည်သူတွေ စစ်ကောင်စီရဲ့ ဖိနှိပ်မှုမျိုးစုံကို ကြံ့ကြံ့ခံရင်း ပံ့ပိုးကူညီတာကြောင့် တော်လှန် ရေးတပ်ဖွဲ့တွေ အင်အားတောင့်တင်းလာခဲ့ပါတယ်။

နံပါတ် (၂) အချက်က ဖြစ်စဉ်တွေထက် ဉီးတည်ရာက ပို၍ အရေးပါလာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ မြို့နယ်ပေါင်း ၃၃၀ အနက် ၂၃၃ မြို့တွင် လက်နက်ကိုင်တော်လှန်ရေး ဖြစ်ပွားခဲ့ရာ ယခုအခါ မြို့ပေါင်း ၄၅ မြို့ကို တော်လှန်ရေးအဖွဲ့အသီးသီးက သိမ်းယူနိုင်ခဲ့ပါပြီ။ မြန်မာစစ်တပ်ဟာ မျက်နှာစာပေါင်းစုံမှာ စိန်ခေါ်မှုတွေ ရင်ဆိုင်နေပါတယ်။ ‘၁၀၂၇ စစ်ဆင်ရေး’ အောင်မြင်ခဲ့ရခြင်းဟာလည်း တော်လှန်ရေးတပ် ဖွဲ့တွေကြား ကာလကြာမြင့်စွာ ညှိနှိုင်းဆောင်ရွက်နိုင်ခဲ့ခြင်း၊ စစ်ကောင်စီဘက်မှ အင်အားယုတ်လျော့ လာခြင်းနဲ့ ပြည်သူလူထုရဲ့ စဉ်ဆက်မပြတ် ထောက်ခံမှုရလဒ်ကြောင့် ဖြစ်ပါတယ်။ မြန်မာစစ်တပ်ဟာ ယခင်က မျက်နှာစာပေါင်းစုံ တော်လှန်မှုတွေကို အောင်မြင်ခဲ့ဖူးပါတယ်။

နံပါတ် (၃) အချက်က မြန်မာစစ်တပ်ဟာ ထင်ထားတာထက် သိသိသာသာ အင်အားလျော့နည်းနေပြီး တပ်အင်အားသည်လည်း အရေးပါလာပါတယ်။ ပဋိပက္ခ ၃ နှစ်အတွင်း မြန်မာစစ်တပ်ဟာ ဘက်ပြောင်း ခိုလှုံမှု၊ ထိခိုက်သေဆုံးမှုနဲ့ လက်နက်ချမှုတို့ကြောင့် တပ်ဖွဲ့ဝင်အင်အား သိသာစွာ ဆုံးရှုံးခဲ့ပါတယ်။ မြန် မာစစ်တပ်မှာ တိုက်ပွဲဝင်အင်အား ၁၃၀,၀၀၀ ခန့်အထိ လျှော့နည်းသွားခဲ့ပြီး ရဲနဲ့ပြည်သူ့စစ်အင်အား ၇၀,၀၀၀ သာ ကျန်ရှိတော့လို့ အစောပိုင်း ခန့်မှန်းအင်အား ၃၀၀၀၀၀ ထက် များစွာ လျှော့နည်းသွားပြီ ဖြစ်ပါတယ်။ စစ်ကောင်စီဟာ မကြာသေးမီက လူ ငယ်တွေကို အဓမ္မ စစ်မှုထမ်းခိုင်းပေမယ့် အင်အားမ လုံလောက်မှုကြောင့် နယ်မြေတွေကို ထိန်းထားနိုင်စွမ်းနဲ့ ပြန်လည်သိမ်းယူနိုင်စွမ်း မရှိတော့လို့ ကြီးမား သော စိန်ခေါ်မှုတွေ ရင်ဆိုင်နေရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အင်အားဟာ ၈၅,၀၀၀ အထိ ရှိနေပါ တယ်။ မြန်မာစစ်တပ်ကို ဆယ်စုနှစ်ချီ တိုက်ခိုက်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရဲ့ စုစုပေါင်း အင်အားက ၁၂၀,၀၀၀ ခန့် ရှိပါတယ်။ မြန်မာစစ်တပ်ဟာ လေကြောင်းပစ်ကူနဲ့ လက် နက်ကြီး အားသာနေပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စိတ်ဓါတ်အင်အား၊ လူထုထောက်ခံမှုနဲ့ လက် နက်အင်အား ကောင်းမွန်လာမှုတို့ကြောင့် အောင်ပွဲကြီးတွေ ရရှိလာခဲ့တာဖြစ်ပါတယ်။

နံပါတ် (၄) အချက်က မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်နိုင်ခဲ့တဲ့ နယ်မြေ တွေကို ပြန်လည် သိမ်းပိုက်နိုင်စွမ်း မရှိတော့ပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ အာဏာသိမ်းမှုအလွန် ပဋိပက္ခအခင်းအကျင်းမှာ အဓိကနေရာမှ ပါဝင်ခဲ့ပါတယ်။ မြန်မာစစ်တပ်ဟာ ပြီး ခဲ့တဲ့ ၆ လ အတွင်း တိုင်းရင်းသားနယ်မြေတွေမှာ ထိန်းချုပ်ထားနိုင်ခဲ့သမျှ၏ ပိုင်နယ်နယ်မြေ ၆၀ ရာခိုင် နှုန်းကို စွန့်လွှတ်ခဲ့ရပါတယ်။ နယ်မြေများစွာမှာ စစ်ရေးဖိအားနဲ့ တပ်ဖွဲ့ဝင်အင်အား လျှော့နည်းလာမှု ကြောင့် မြန်မာစစ်တပ်ဟာ တိုင်းရင်းသားနယ်မြေတွေရှိ ဆုံးရှုံးခဲ့သော စစ်စခန်းတွေ၊ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်စွမ်း မရှိတော့ပါဘူး။ မြန်မာစစ်တပ်ဟာ ယခုအခါ နယ်မြေများ ထပ်မံ မဆုံးရှုံးစေ ရေးနဲ့ နိုင်ငံအလယ်ပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ဦးစားပေးလာပေမယ့် လူထုထောက်ခံမှု မရှိသလောက် ဖြစ်နေ၍ ရေရှည်ထိန်းထားနိုင်ဖို့ မလွယ်ကူပေ။

နံပါတ် (၅) အချက်မှာ မြန်မာစစ်တပ်ရဲ့ လူထုနဲ့နယ်မြေ ထိန်းချုပ်နိုင်မှု လျော့ရဲလာတာဖြစ်ပါတယ်။ မြန် မာစစ်တပ်မှာ စစ်စခန်း၊ ဗျုဟာကုန်းနဲ့ တပ်ရင်းဌာနချုပ် စုစုပေါင်း ၅,၂၈၀ ရှိတဲ့အနက် ၂,၅၀၀ နီးပါး ဆုံး ရှုံးခဲ့ရပြီ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီဟာ ထွေအုပ်ရုံး ၃၃၀ နဲ့ နယ်ခြားစောင့်တပ်ဖွဲ့ရုံးတွေမှ တစ် ဆင့် အုပ်ချုပ်ရေးယန္တယား လည်ပတ်တာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအာဏာ ပြိုလဲနေပြီး စစ်ကောင်စီရဲ့နေရာမှာ အရပ်သားအစိုးရတစ်ရပ် ပေါ်ထွက်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်ရှိနေပါတယ်။

နံပါတ် (၆) အချက်က မြန်မာစစ်တပ်ဟာ တိုင်းပြည်မတည်ငြိမ်မှုရဲ့ အဓိက တရားခံ ဖြစ်နေတာပါ။ အာ ဏာသိမ်းမှုမတိုင်မီ မြန်မာစစ်တပ်ရဲ့ တိုင်းရင်းသားလူနည်းစုနဲ့ ရိုဟင်ဂျာတွေအပေါ် ရက်စက်စွာ ပြုကျင့် ခဲ့မှုနဲ့ အာဏာသိမ်းပြီးနောက် စစ်ကြောင်းများထိုးကာ ပြည်သူလူထုကို တိုက်ခိုက်ခြင်းကြောင့် သန်းနှင့်ချီ သော ပြည်သူများ အိုးအိမ်မဲ့ဖြစ်ခဲ့ရခြင်းကြောင့် အိမ်နီးချင်းတိုင်းပြည်တွေကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေခဲ့ပါ တယ်။ မြန်မာစစ်တပ်ရဲ့ မတည်ငြိမ်မှုလုပ်ရပ်တွေကြောင့် တိုင်းပြည်ဟာ ကစဉ့်ကလျားအခြေအနေ ထိုး ဆင်းကာ စီးပွားရေးနဲ့ ငွေကြေး စီမံခန့်ခွဲမှုအမှားတွေ ဖြစ်စေကာ ပြည်သူတွေ ဒုက္ခရောက်ရပါတယ်။ မြန်မာစစ်တပ်ဟာ မတည်ငြိမ်မှုဖြစ်စေတဲ့ အဓိက တရားခံဆိုတာ ပြည်သူတွေက နားလည်ခဲ့ပြီး ဆယ်စု နှစ်များအတွင်း ပထမဆုံးအနေနဲ့ တည်ငြိမ်သော အုပ်ချုပ်မှုတစ်ရပ် တည်ဆောက်ဖို့ အခွင့်အလမ်းတစ် ရပ် ရှိနေပြီဖြစ်ပါတယ်။

နံပါတ် (၇) အချက်မှာ လက်ရှိ ပဋိပက္ခရလဒ်ဟာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပူးပေါင်းညှိနှိုင်းမှုကို မူ တည်ပြီး အဆုံးအဖြတ် ပေးတဲ့ အချက်တစ်ချက် ဖြစ်လာတာပါ။ အာဏာသိမ်းပြီးနောက် ၃ နှစ်ကြာလာ ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်ကို သေနင်္ဂ ဗျုဟာမြောက် တိုက်ခိုက်နိုင်ရန် ညှိနှိုင်း ဆောင်ရွက်မှုပိုင်းမှာ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်း သားတပ်ဖွဲ့တွေကြား နည်းဗျူဟာပိုင်း ညှိနှိုင်းမှုတွင် သိသိသာသာ တိုးတက်ခဲ့ပေမယ့် နိုင်ငံအနှံ ထိုးစစ် ဆင်ရေး ဖြစ်မလာသေးသည်ကို တွေ့ရပါတယ်။

နံပါတ် (၈) အချက်မှာ မြန်မာစစ်တပ်ကို နိုင်ငံရေးအာဏာမှ မဖယ်ရှားနိုင်သရွေ့ စစ်ပွဲ အဆုံးသတ်မည် မဟုတ်ပေ။ မြန်မာစစ်တပ်က နိုင်ငံရေးအာဏာရှိနေပါက သို့မဟုတ် မြန်မာစစ်တပ်ကို နိုင်ငံတကာမှ ကျားကန်ပေးထားပါက ဒီနှစ်အတွင်း ပဋိပက္ခဟာ အရှိန်မြှင့်လာမှာဖြစ်ပါတယ်။ မြန်မာပြည်သူများက စစ်ကောင်စီ အာဏာတည်မြဲနေသရွေ့ တော်လှန်ဖို့ သံန္နိဋ္ဌာန်ချထားဆဲဖြစ်ပါတယ်။ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများက လက်ရှိအခြေအနေဟာ မြန်မာစစ်တပ်ကို မောင်းထုတ်ပြီး ၎င်းတို့နယ်မြေ များကို အခိုင်အမာ ထိန်းထားနိုင်တဲ့ အခွင့်အလမ်းကောင်းတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။

နောက်ဆုံးအချက်က ဒီနှစ်ဟာ စစ်အာဏာရှင်တော်လှန်ရေး အဆုံးအဖြတ်ပေးမဲ့နှစ် ဖြစ်လာတာပါ။ ပြီး ခဲ့တဲ့ ၆ လ အတွင်း ရှမ်းမြောက်၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရခိုင် နှင့် ချင်းပြည်နယ်တွေမှာ အင်အားတောင့် တင်းသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ စစ်ကောင်စီအား တိုက်ခိုက်မှာ အရှိန်မြှင့်ခဲ့ကြ ပြီး မြို့များနှင့် စစ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေကလည်း မြို့ကြီး ပြကြီးများကို စိမ့်ဝင်တိုက်ခိုက်နိုင်ရန် ပြင်ဆင်နေပါတယ်။ မကြာမီက နေပြည်တော်နဲ့ ပြင်ဦးလွင်ကို တိုက်ခိုက်ခဲ့မှုက စစ်ကောင်စီရဲ့ ခံစစ်အခိုင်အမာပြုလုပ်ထားတဲ့ အဓိက အမာခံနယ်မြေတွေကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုတွေပြုလုပ်ဖို့ ပြင်ဆင်နေတာ တွေ့မြင်နိုင်ပါ တယ်။

နေပြည်တော်ရှိ စစ်ဗိုလ်ချုပ်တွေဟာ ရွေးချယ်ပိုင်ခွင့် မရှိတော့ပဲ ၎င်းတို့ရဲ့ ရက်စက်ကြမ်းကြုပ်သော ဖိ နှိပ်မှုမှာ အကူအညီပေးနေတဲ့ နိုင်ငံတွေကို အကူအညီဆက်ပေးရေး တောင်းဆိုဖို့သာ ရှိပါတော့တယ်။ ၂၀၂၄ ခုနှစ်ဟာ ရှေ့လာမည့် ပဋိပက္ခ၏ ဦးတည်ရာ လမ်းကြောင်းကို ပြတ်ပြတ်သားသား အဆုံးအဖြတ် ပေးတော့မယ့်နှစ်လည်း ဖြစ်ပါတယ်။

United States Institute of Peace ဝဘ်ဆိုဒ်မှာ ဆောင်းပါးရှင် Ye Myo Hein ရေးသားထားတဲ့ Nine things to know about Myanmar’s conflict three years on ကို ဆီလျော်အောင် ဘာသာပြန်ထားပါ သည်။

#Ayeyarwaddy_Times