
ဧရာဝတီတိုင်းမ်
မေ ၄ ရက်
ဂျပန်၊ အမေရိကန်၊ ဩစတြေးလျနဲ့ ဖိလစ်ပိုင်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေဟာ တရုတ်ရဲ့ ရန် လိုမှုတွေကို တန်ပြန်ရာမှာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ဖို့ သဘောတူလိုက်ပါတယ်။
ဂျပန် ကာကွယ်ရေးဝန်ကြီး ကီဟာရာမီနိုရူ၊ အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်၊ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီး ရစ်ချတ်မာလက်စ်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတိုတီယိုဒိုရိုတို့ဟာ ဟာဝိုင်အီမှာ တွေ့ဆုံပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါ တယ်။
အရှေ့ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေကို အထူးစိုးရိမ်မိ တယ်လို့ ၎င်းတို့က ပြောပြီး နိုင်ငံတကာရေပိုင်နက်အတွင်း ဖိလစ်ပိုင်သင်္ဘောတွေရဲ့ လွတ်လပ်သော ရေ ကြောင်းသွားလာမှုအပေါ် တရုတ်နိုင်ငံရဲ့ အနှောင့်အယှက်ပေးမှုကို ရည်ညွှန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့လအတွင်း ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုလိုမျိုး ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်ခြင်းအား ဖြင့် လေးနိုင်ငံစလုံးက လွတ်လပ်၊ပွင့်လင်းသော အာရှ-ပစိဖိတ်ဒေသဖြစ်ရေး ပူးပေါင်းဆောင်ရွက်မှု တိုး မြှင့်မယ်လို့ ၎င်းတို့က ပြောပါတယ်။
အစောပိုင်းမှာ ဂျပန်၊ အမေရိကန်နဲ့ ဩစတြေးလျ ကာကွယ်ရေးဝန်ကြီးတွေဟာ F-35 ဂျက် တိုက်လေယာဉ်တွေ ပူးတွဲလေ့ကျင့်မှုပြုလုပ်ဖို့ သဘောတူခဲ့ပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး ထိန်းသိမ်းနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ညှိ နှိုင်းဆောင်ရွက်မှု ထုတ်ဖော်ပြသမယ်လို့ ကီဟာရာက ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ကီဟာရာက ဂျပန်-အမေရိကန် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးဖို့ အ မေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
နျူကလီးယားလက်နက်တွေ အပါအဝင် ဂျပန်နိုင်ငံအတွက် အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအ ညီပေးမှု စွမ်းဆောင်ရည်တွေကို နှစ်နိုင်ငံ အစိုးရဝန်ကြီးတွေက ဆွေးနွေးမှုစတင်ဖို့ ၎င်းတို့နှစ်ဦးက သ ဘောတူခဲ့ပါတယ်။
အမေရိကန်ရဲ့ နျူကလီးယားနဲ့ သမားရိုးကျတပ်ဖွဲ့တွေက ဂျပန်နိုင်ငံရဲ့ ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့ တည်ဆောက်မှုမှာ အခြေခံကျတယ်လို့ ကီဟာရာက သတင်းထောက်တွေကို ပြောပါတယ်။
ကိုးကား – NHK
Ref; Defense chiefs of Japan, US, Australia and Philippines meet to counter China
#Ayeyarwaddy_Times