ဧရာဝတီတိုင်းမ်
မေ ၁ ရက်

မြန်မာမှ ဖိလစ်ပိုင်အထိ အာရှနိုင်ငံများစွာမှာ စံချိန်တင် အပူလှိုင်းတစ်ရပ် ကျရောက်ခဲ့ရာ သန်း နဲ့ချီတဲ့ ကလေးငယ်တွေဟာ ကျောင်းတွေပိတ်ထားပြီး နေအိမ်မှာသာနေရတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ ချောက်မြို့နဲ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တော်မှာ မကြာသေးမီ ရက်တွေအတွင်း စံ ချိန်တင် အပူချိန် မြင့်တက်ခဲ့ပါတယ်။

ရာသီဥတု ပြင်းထန်မှုကြောင့် ထိုင်းအာဏာပိုင်တွေက သတိပေးချက်တွေ ထုတ်ပြန်ခဲ့သလို ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ မြန်မာ၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အာဏာပိုင်တွေက အပူချိန်ဟာ ၄၀ ဒီဂရီဆဲစီးယပ်စ်ကျော်မယ်လို့ ခန့်မှန်းကြပါတယ်။

ဖိလစ်ပိုင်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက စာသင်ကျောင်းတွေကို ပိတ်ခဲ့သလို အိန္ဒိယနိုင်ငံကလည်း အပူ လှိုင်းကြောင့် ရွေးကောက်ပွဲ မဲထည့်သူတွေကို သက်ရောက်ခြင်း ရှိ မရှိ ပြန်လည်သုံးသပ်နေပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် အပူလှိုင်းတွေဟာ ပိုပြီး မကြာခဏဖြစ်သလို တာရှည်ဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အာရှတိုက်ဟာ ကမ္ဘာ့ပျမ်းမျှအပူချိန်ထက် ပိုပြီး ပူနွေးနေတယ်လို့ ကုလသမဂ္ဂ အဖွဲ့အစည်းတစ် ခုဖြစ်တဲ့ ကမ္ဘာ့မိုးလေဝသအဖွဲ့အစည်းက ပြောပါတယ်။

အယ်လ်နီညို ရာသီဉတုဖြစ်စဉ်ကြောင့်လည်း အပူချိန် စံချိန်တင် မြင့်တက်နေတာလို့ ဆစ်ဒနီ နည်းပညာတက္ကသိုလ်မှ ဧည့်သုတေသီနဲ့ မိုးလေဝသပညာရှင် မီလ်တန်စပီးယားက ပြောပါတယ်။

အလွန်အမင်း ပူပြင်းမှုက ကလေးငယ်တွေ၊ သက်ကြီးပြည်သူတွေနဲ့ ဆင်းရဲမွဲတေသူတွေကို သက်ရောက်မှုဖြစ်စေတယ်လို့ သိရပါတယ်။

ပစိဖိတ်နဲ့ အရှေ့အာရှမှာ ကလေးငယ် ၂၄၃ သန်းဟာ အပူလှိုင်းဒဏ်ကြောင့် အန္တရာယ်ရှိနေ တယ်လို့ ယူနီဆက်က ယခုလအတွင်း သတိပေးခဲ့ပါတယ်။

ကိုးကား – AFP
Ref; The heatwave baking Myanmar and other parts of Asia
#Ayeyarwaddy_Times