
ဧရာဝတီတိုင်းမ်
ဧပြီ ၂၉ ရက်
အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းတဲ့စာရင်းမှာ သူ့ကို ဒုတိယဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားထား လို့ နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဟာဟက်ဒါနူကာရာဟာ ဝန်ကြီးချုပ် Srettha Thavisin ထံ ရာထူးမှ နှုတ်ထွက်စာ တင်ထားလိုက်တယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့ ပြန်လည်ဖွဲ့စည်းမှုမတိုင်မီ ပန်ပရီးဟာ ဒုတိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးအ ဖြစ် တာဝန်ယူခဲ့ပါတယ်။ အသစ်ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ သူ့ကို နိုင်ငံခြားရေးဝန်ကြီးအဖြစ်သာ တာဝန်ပေးထားပါတယ်။
ဒုတိယဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ နှုတ်ထွက်မယ့် သူ့ ရဲ့ရည်ရွယ်ချက်ကို ဝန်ကြီးချုပ် Srettha Thavisin ထံပေးပို့တဲ့ နှုတ်ထွက်စာမှာ ပန်ပရီးက ဖော်ပြခဲ့ပါ တယ်။
အောင်မြင်မှုမရရှိတာကြောင့် သူ့ကို ရာထူးကနေ ဖယ်ရှားတာမဟုတ်ဖူးလို့ အာဏာရ Pheu Thai ပါတီအဖွဲ့ဝင် ပန်ပရီးက ယူဆခဲ့ပြီး ပြီးခဲ့တဲ့နှစ်က အစိုးရအဖွဲ့မှာ ပါဝင်ခဲ့ပြီးနောက် သူ့ရဲ့အောင်မြင် မှုတွေကို ရှင်းပြခဲ့ပါတယ်။
နိုင်ငံတကာရေးရာနဲ့ နိုင်ငံတကာစီးပွားရေးနယ်ပယ်တွေမှာ ရိုးသားမှု၊ ဂုဏ်သိက္ခာနဲ့ တာဝန်ယူခဲ့ ကြောင်း၊ အစိုးရ ကြေညာတဲ့အတိုင်း ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုမို ဆွဲဆောင်ကာ အစိုးရရဲ့ စီးပွားရေး သံခင်းတမန်ခင်းကို အကောင်အထည်ဖော်ခဲ့ကြောင်း သူက ပြောပါတယ်။
ဟားမာစ်-အစ္စရေး ပဋိပက္ခဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံသား ဓားစာခံတွေ လွတ်မြောက်ရေးအ တွက် ပြည်ပသို့ သွားရောက်ပြီး စေ့စပ်ညှိနှိုင်းခဲ့သလို မြန်မာနိုင်ငံ လောက်ကိုင်ဒေသမှာ ထိန်းသိမ်းခံ ထားရတဲ့ ထိုင်းနိုင်ငံသားတွေ လွတ်မြောက်ရေး ကြိုးပမ်းခဲ့တယ်လို့ ၎င်းက ဆက်ပြောပါတယ်။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ မီဒီယာအင်တာဗျူးတစ်ခုမှာ ထိုင်းအစိုးရအဖွဲ့မှ နှုတ်ထွက်မှုကို ပန်ပ ရီးက အတည်ပြုခဲ့ပြီး သူ့ရဲ့လုပ်ဆောင်ချက်မှာ အလုံးစုံ ယုံကြည်မှုရှိတယ်လို့ ပြောခဲ့ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးရာထူး ရယူထားတာဟာ နိုင်ငံတကာရေးရာမှာ သူ့ရဲ့လုပ်ဆောင်ချက်ကို အ ဟန့်အတားဖြစ်စေနိုင်ပြီး အဆိုပါအခန်းကဏ္ဍကို တာဝန်ယူနိုင်သော အရည်အသွေးရှိတဲ့ အခြားသူတွေ ရှိတယ်လို့ ၎င်းက ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Foreign Minister Parnpree quits after major reshuffle
#Ayeyarwaddy_Times