ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်

ဂျပန်နိုင်ငံရဲ့ အထူးသီးသန့် စီးပွားရေးဇုန်အတွင်း ဒုံးကျည်များ ပစ်ခတ်မှုအပါအဝင် ထိုင်ဝမ်အနီး တရုတ် နိုင်ငံရဲ့ စစ်ရေးလေ့ကျင့်မှုတွေက တင်းမာမှု သိသိသာသာ အရှိန်မြှင့်လာခြင်းဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီး အန်တိုနီဘလင်ကန်က ပြောကြားလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်နာယက နန်စီပီလိုစီ ထိုင်ဝမ်ကျွန်းကို သွားရောက်ပြီးတဲ့နောက် တရုတ် နိုင်ငံက စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်က ငြိမ်းချမ်းပြီး ထိုင်ဝမ်နဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့မူဝါဒကို အပြောင်းအ လဲဖြစ်စေမှာ မဟုတ်ဖူးလို့ ဘလင်ကန်က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ သတင်းထောက် တွေကို ပြောပါတယ်။

တရုတ်နိုင်ငံက ထိုင်ဝမ်ရေလက်ကြားဝန်းကျင်မှာ ရန်စတဲ့အပြုအမူတွေ၊ စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့် လုပ်ဆောင်နေတယ်လို့ ၄င်းက ဆိုပါတယ်။

“နန်စီပီလိုစီရဲ့ ခရီးစဉ်ကြောင့် ရန်စတဲ့အပြုအမူတွေ မလုပ်ဖို့နဲ့ ဒီလိုလုပ်ရပ်တွေကို ရပ်တန့်ဖို့ မကြာသေး မီရက်ပိုင်းအတွင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးကို ကျွန်တော် ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်” လို့ သူက ဆိုပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာပြုလုပ်တဲ့ အစည်းအဝေးတွေအတွင်း နန်စီပီလိုစီရဲ့ ထိုင်ဝမ်ခရီးစဉ်နဲ့ ပတ်သက်လို့ ဘလင်ကန်က အမေရိကန်နိုင်ငံရဲ့ရပ်တည်ချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးအား ရှင်းရှင်းလင်း လင်း ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

တရုတ်ဂျက်တိုက်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေက ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ကျော်ဝင်ရောက် လာခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေက ရန်စမှုသာဖြစ်တယ်လို့ ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။
“မနက် ၁၁ နာရီအထိ တရုတ်စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေက ထိုင်ဝမ်ရေလက်ကြားဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်” လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

ကိုးကား – The Times of Israel
Ref; Blinken: Chinese military drills around Taiwan, Japan are ‘significant escalation’