ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြိုနယ်၊ YDF -Htilin ရုံး ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး ရုံးကိစ္စအဝဝကို တပ်တွင်းတစ်နေရာတွင် ရုံးလုပ်ငန်းများကို ၅ လပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ ကြောင်း YDF-Htilin ထံကသိရသည်။

၂၀၂၂ခုနှစ် မတ်လ (၅)ရက်နေ့တွင် ရုံးအထိုင်ချခဲ့ပြီး ရုံးအဖွဲ့ ၁၅ ယောက်ဖြင့် တပ်တွင်းကိစ္စရပ်များ၊ ထီးလင်းမြို့နယ်အတွင်းရှိ ပြည်သူလူထု၏ ကျန်းမာရေး၊ ပညာရေး၊ ကယ်ဆယ်ရေးနှင့် ပပြည်ည်နေရာချထားရေးများ YDF-Htilin ပြည်သူ့ရဲတပ်ဖွဲ့မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိတယ် လို့ YDF-Htilin ကဆိုသည်။

ဒါ့ပြင် ယခင်ဖွဲ့စည်းခဲ့သည့် ရုံးအဖွဲ့အင်အားသည် ပိုမိုကျယ်ပြန့်လာသည့် ရုံးကိစ္စအဝဝကို ကောင်းမွန်စွာဆက်လက် လည်ပတ်နိုင်ရန် မလုံလောက်သည့်အတွက် ၂၀၂၂ ခုနှစ်ဧပြီလ (၆)ရက်နေ့တွင် ရုံးအဖွဲ့အင်အား ၆ ဦး ထပ်မံတိုးချဲ့ခဲ့ပြီး စုစုပေါင်း ၂၁ ဦးဖြင့် ပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ရုံးလုပ်ငန်းများ ပို၍အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ခဲ့ပြီ ဖြစ်ပါသည်။

ယခု သြဂုတ်လ ၅ ရက်နေ့သည် ရုံးလုပ်ငန်း ဖော်ဆောင် လုပ်ကိုင်ခဲ့သည့် အောင်မြင်ခြင်းမှာ ၅ လပြည့်သည့်နေ့ဖြစ်ပါတယ် လို့ YDF-Htilin တပ်ဖွဲ့ဝင်များကပြောသည်။

ဆက်လက်ပြီး ပြည်သူလူထုအတွက် YDF-Htilin ရုံးမှ နေ့စဥ်ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စအဝဝများကို ကြိုးစားဆောင်ရွက်နေကြောင်း ပြည်သူများထံ YDF -Htilin အသိပေးအကြောင်း
ကြားထားသည်။

ဓာတ်ပုံ-ယောကာကွယ်ရေးတပ် – YDF (Htilin)