ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၂၇ ရက်

တနင်္သာရီ တိုင်း၊ရေဖြူမြို့နယ် ရေဖြူရဲစခန်းမှ ဒုရဲအုပ်တစ်ဦးကို ယမန်နေ့ ဧပြီ ၂၆ ရက် ညနေပိုင်းတွင် ပစ်ခတ်ခဲ့ကြောင်း Dawei Guerrilla Revolutionary Force- DGRF ထားဝယ်ပကဖ အဖွဲ့ထံကသိရသည်။

ရေဖြူရဲစခန်းတွင် တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်ငြိမ်းချမ်းဦး အသက် (၃၅) နှစ်ခန့်သည် ယမန်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့်က ရေဖြူမြို့ အရှေ့ဘက်ကမ်း (ဂ) ရပ်ကွက်ရှိ နေရာသစ်ထမင်း ဆိုင်အနီး ကုန်တင်ကားများနှင့် ပြည်ပသို့ တရားမဝင်သွားရောက်လုပ်ကိုင်မည့် သူများထံမှ ငွေကြေး တောင်းယူနေသည့် နေရာတွင်ရှိနေစဉ် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း DGRF ထံက သိရသည်။

“အဲဒီ ဒုရဲအုပ်က နေပြည်တော်ကနေ ရေဖြူ ရဲစခန်းကိုပြောင်းလာတာ သုံးလလောက်ပဲ ရှိသေးတာ။နေရာ သစ်ထမင်းဆိုင်နားမှာ စစ်ကောင်စီတပ်သားတွေနဲ့ အမြဲအတူရှိနေပြီး ပြည်ပကို တရားမဝင် သွားရောက်လုပ်ကိုင်မယ့်သူတွေဆီက ငွေကြေး တောင်းယူတာ တွေလုပ်တယ်။ ကုန်တင်ကားတွေဆီမှာလည်း ပိုက်ဆံကောက်တယ်။ဒါကြောင့် ကျွန်တော်တို့ကျည် ဆံ ၁ဝ ချက်ကျော်နဲ့ ပစ်ခတ်ခဲ့တယ်။နေရာမှာတင် ပွဲချင်းပြီး သေသွားတယ်” ဟု DGRF ၏ ပြန်ကြားရေးတာဝန်ခံ ရဲဘော် ဓလေ့ က ဧရာဝတီတိုင်းမ်ကိုပြောသည်။

ဒုရဲအုပ် ချမ်းငြိမ်းဦး ပစ်သတ်ခံရသော နေရာသည် စစ်ကောင်စီတပ်သားများ အမြဲ ပိုက်ဆံ တောင်းသည့် နေရာဖြစ်ပြီး သေနတ် နှင့် ပိုက်ဆံအိတ်ကို ဝင်ရှာရန် အချိန်မရှိ၍ ရရှိခဲ့ခြင်း မရှိကြောင်း ရဲဘော် ဓလေ့ က ဆိုသည်။

အဆိုပါပစ်ခတ်မှုကို Dawei Guerrilla Revolutionary Force (DGRF ထားဝယ်ပကဖ) ၊ ဥသြစစ်ကြောင်း နှင့် DDPDF ပူးပေါင်း တပ်ဖွဲ့တို့က လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ပုံစာ – သေဆုံးသူ ဒုရဲအုပ် ချမ်းငြိမ်းဦး။

#ရေဖြူ #ကုန်တင်များ #ငွေတောင်းယူ #ဒုရဲအုပ် #ပစ်ခတ်ခံရ #သေဆုံး #Ayeyarwaddy_Times

See less