
ဧရာဝတီတိုင်းမ်
ဧပြီ ၂၇ ရက်
ဥရောပသမဂ္ဂ (EU) က မြန်မာနိုင်ငံမှ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းများအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ နောက်ထပ် တစ်နှစ် သက်တမ်းတိုးလိုက် ကြောင်း သောကြာနေ့က ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာနိုင်ငံရဲ့အခြေအနေကို သုံးသပ်ရာမှာ ဒီမိုကရေစီနည်းလမ်းမကျတဲ့ လုပ်ဆောင်မှုတွေနဲ့ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖေါက်မှုတွေ တွေ့ရဆဲဖြစ်တဲ့အတွက် အခုလို အရေး ယူမှုတွေ သက်တမ်းတိုးဖို့ ဆုံးဖြတ်ရတာလို့ EU က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။
EU က ဒဏ်ခတ်အရေးယူထားသူ လူပုဂ္ဂိုလ် ၁၀၃ ဦးနဲ့ ကုမ္ပဏီ ၂၁ ခုရှိပြီး အဆိုပါလူပုဂ္ဂိုလ်တွေ နဲ့ ကုမ္ပဏီတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ထားသလို ၎င်းတို့ စီးပွားရေးအရင်းအမြစ်ရအောင် ဒါမှမ ဟုတ် ငွေကြေးထောက်ပံ့မှုတွေကို ၎င်းတို့ကိုဖြစ်စေ ၎င်းတို့နဲ့ဆက်နွှယ်သူတွေကိုဖြစ်စေ တိုက်ရိုက် ဒါမှ မဟုတ် သွယ်ဝိုက်ပေးအပ်မှု မလုပ်ဖို့ တားမြစ်ထားတာဖြစ်ပါတယ်။
EU ရဲ့ ဒဏ်ခတ်အရေးယူမှု အစီအမံတွေထဲမှာ လက်နက်တင်ပို့မှု ပိတ်ပင်မှုနဲ့ ဆက်သွယ်ရေး ဆိုင်ရာ စောင့်ကြည့်တဲ့ စက်ပစ္စည်းတင်ပို့မှုတွေကို တားမြစ်ချက်လည်း ပါဝင်တယ်လို့ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။
“မြန်မာစစ်တပ်ရဲ့ ဖိနှိပ်သောလုပ်ရပ်တွေထဲမှာ ကိုယ့်ပြည်သူကို အကြမ်းဖက်တာ၊ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ တရားမျှတမှုနဲ့ လူသားဆန်မှု အခြေခံစည်းမျဉ်းတွေကို အရှက်မရှိ ပမာ မခန့် ပြုလုပ်တာတွေဖြစ်တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
EU က မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခဲ့တာ ၂၀၁၃ ခုနှစ် ဧပြီလကတည်းကဖြစ်ပြီး ၂၀၂၁ ဖေဖေါ်ဝါရီလ စစ်တပ်အာဏာသိမ်းရာမှာ တာဝန်ရှိသူတွေကိုလည်း အရေးယူဒဏ်ခတ်မှုတွေ ပြု လုပ်ခဲ့ပါတယ်။
ကိုးကား – Anadolu
Ref; EU renews restrictive measures on numerous individuals, entities in Myanmar for another year
#Ayeyarwaddy_Times