
ဧရာဝတီတိုင်းမ်
ဧပြီ ၂၆ ရက်
ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၆၀ ဘီလီယံကျော် ပံ့ပိုးကူညီဖို့ ပါရှိတဲ့ ပြည်ပအကူအညီပေးရေး ဥပဒေကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့မှာ ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီလို့ သိရပါ တယ်။
အမေရိကန် လွှတ်တော်အမတ်တွေက အဆိုပါဉပဒေကို လနဲ့ချီကြာအောင် ကန့်ကွက်မှုတွေပြု လုပ်ပြီးမှ ဂျိုးဘိုင်ဒင်က အတည်ပြုလက်မှတ်ရေးထိုးတာပါ။
“အမေရိက၊ ဉရောပနဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် နေ့ထူးနေ့မြတ်ရက်ဖြစ်ပါတယ်။ ဒီဉပဒေက လက်ငင်းအကျိုးဖြစ်ပါတယ်” လို့ သူက အိမ်ဖြူတော်ကနေ ပြောပါတယ်။
ဥပဒေပါအစီအမံတွေကြောင့် အမေရိကန်နဲ့ ကမ္ဘာကြီးကို ပိုမို ဘေးကင်းစေတယ်လို့ ၎င်းက ဆက်ပြောပါတယ်။
ဒေါ်လာ ၁ ဘီလီယံတန်ကြေးရှိ သံချပ်ကာယာဉ်တွေ၊ ခဲယမ်းမီးကျောက်တွေ၊ လက်နက်ကြီးစနစ် တွေ ကနဦးပေးပို့မယ့်အစီအစဉ်ကို ဂျိုးဘိုင်ဒင်က အတည်ပြုခဲ့ပါတယ်။
“သမ္မတ ဂျိုးဘိုင်ဒင်၊ အမေရိကန်ကွန်ဂရက်နဲ့ ပူတင်ကို ဖြုတ်ချဖို့လိုအပ်တယ်လို့ ခံစားရတဲ့ အ မေရိကန်ပြည်သူအားလုံးကို ကျေးဇူးတင်ရှိပါတယ်” လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ပြောပါတယ်။
အမေရိကန်နိုင်ငံက စစ်လက်နက်တွေ ထောက်ပံ့တာကြောင့် စစ်မြေပြင်အခြေအနေကို မ ပြောင်းလဲစေဘူးလို့ ရုရှားခေါင်းဆောင်တွေက ပြောပါတယ်။
အမေရိကန်စစ်လက်နက်တွေထားရှိရာ အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ဖို့ ရုရှား ခေါင်းဆောင်ပိုင်းက ကတိပြုခဲ့ပြီးဖြစ်ပါတယ်။
ကိုးကား – NHK
Ref; Biden promises Ukraine military aid ‘right away’
#Ayeyarwaddy_Times