ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
တရားမျှတမှုမရှိဘဲ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူတွေကို ရက်ရက်စက်စက် ကြိုးပေးကွက်မျက်မှုက မြန်မာစစ်ကောင်စီဟာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံရဲ့ စဉ်ဆက်မပြတ် မေတ္တာရပ်ခံမှုတွေရှိလင့်ကစား နိုင်ငံတကာနဲ့ဒေသဆိုင်ရာစံနှုန်းတွေကို ဖီဆန်လိုက်တယ်ဆိုတဲ့ အမှာစကားတစ်ရပ်ကို ကမ္ဘာ့အသိုင်းအဝိုင်းထံ ပေးပို့လိုက်တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အယောင်ဆောင် တရားမျှတမှုကိုတန်ပြန်ဖို့ ကမ္ဘာလုံးအတိုင်းအတာနဲ့ အဆင်သင့်ဖြစ်ရ မှာဖြစ်ပြီး မြန်မာနိုင်ငံ နဂိုအခြေအနေပြန်ရောက်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကတိကဝတ်နဲ့ အာဆီယံ ဘုံသ ဘောတူညီချက်ငါးရပ် အချည်းနှီးမဖြစ်သင့်တော့ပါဘူး။
မကြာသေးမီက စစ်ကောင်စီရဲ့ နိုင်ငံရေးအကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်မှုက ကုလသမဂ္ဂ အ ထွေထွေညီလာခံ ဆုံးဖြတ်ချက်ရဲ့ အနှစ်သာရနဲ့ အကြောင်းအရာကို လုံးဝကို ကွဲလွဲဆန့်ကျင်ခဲ့ပါတယ်။
မြန်မာစစ်ကောင်စီရဲ့ တံခါးပိတ် တရားစီရင်မှုနဲ့ ကြိုးပေးကွက်မျက်မှုက နိုင်ငံတော်ဟာ ပြည်သူတွေကို ကာကွယ်ပေးရမယ်ဆိုတဲ့ အခြေခံ ကိုယ်ကျင့်တရား အသိတရားကို ချိုးဖောက်ပါတယ်။ မြန်မာစစ်ကောင်စီဟာ လူ့အခွင့်အရေး ကြေညာချက်မှာ ဖော်ပြထားတဲ့ အသက်ရှင်နေထိုင်ခွင့်ကို ချိုးဖောက်ခဲ့ပါတယ်။
ကမ္ဘာ့နိုင်ငံတွေက စစ်ကောင်စီရဲ့လုပ်ရပ်တွေကို ပြစ်တင်ရှုတ်ချမှုတွေရှိခဲ့ပြီး ရက်စက်ကြမ်းကြုတ်တဲ့ စစ် ကောင်စီကကျူးလွန်ခဲ့တဲ့ ကြိုးပေးကွက်မျက်မှုက မကောင်းဆိုးဝါး အပြုအမူတစ်ခုဖြစ်ကာ ဒီမိုကရေစီအင်အားစု တွေကို ကြောက်ရွံ့အောင် ရည်ရွယ်လုပ်ဆောင်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ အကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်မှုက ပြီးခဲ့တဲ့နှစ် အာဏာသိမ်းပြိးနောက်ပိုင်း မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိအောင် ပြန်လည်ကြိုးပမ်းတဲ့ အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပျက်ရယ် ပြုမှုတစ်ခုသာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျပ်အတည်းဖြေရှင်းမယ့် နည်းလမ်းတွေရှာဖွေဖို့ အာဆီယံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့် အစား စစ်ကောင်စီဟာ အာဆီယံရဲ့ ငြိမ်းချမ်းရေးဆောင်ရွက်မယ့် စိတ်စေတနာကို အကြိမ်ကြိမ် ပစ်ပယ်ခဲ့ပါ တယ်။
အာဆီယံအဖွဲ့အနေနဲ့ အများလက်ခံနိုင်စွမ်းနဲ့ ဗဟိုကျမှုကို သက်သေပြနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကြား ချိန် သားကိုက်အရေးယူမှုတွေ လိုအပ်သလို စစ်ကောင်စီအပေါ် လိုအပ်တဲ့ ဖိအားပေးရမှာဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားလေးဦးကို ကြိုးပေးကွက်မျက်မှုက နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အာဆီယံအနေနဲ့ ခိုင်လုံသောကြိုးပမ်းမှုတွေ ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်ဆိုတာ ညွှန်ပြနေပါတယ်။
အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် တစ်ခုတည်းနဲ့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အာဏာချုပ်ကိုင်မှုကို အ ဆုံးသတ်စေနိုင်မှာ မဟုတ်သလို စစ်ကောင်စီရဲ့ စိတ်ကြီးဝင်မှုကို ချိုးနှိမ်နိုင်မှာ မဟုတ်ပါဘူး။
အာဏာသိမ်းစစ်ကောင်စီကို ပစ်မှတ်ထား ဖိအားပေးမှုနဲ့အတူ မြန်မာ့အကျပ်အတည်းကို နိုင်ငံတကာသိ အောင်၊ ဝိုင်းဝန်းကူညီအောင် လုပ်ဆောင်ရမှာဖြစ်ပါတယ်။
ကိုးကား – The Jakarta Post
Ref; Time for the world to react to the junta’s brutal force: Jakarta Post contributors