ဧရာဝတီတိုင်းမ်
သြဂုတ်လ ၅ ရက်
၅၅ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖ နောင်ပင်မြို့တော်မှာ ကျင်းပရာ မြန်မာ့ပဋိပက္ခ အပါအဝင် အရေးပါတဲ့ ကိစ္စရပ်များစွာကို ဆွေးနွေးခဲ့တယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက သူရဲ့ တွစ်တာလူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
အစည်းအဝေးမှာ အာဆီယံ ဝန်ကြီးအဆင့်အစည်းအဝေးတိုင်းမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ရောက်ခွင့်မပြုဖို့နဲ့ မြန်မာပြည်သူတွေအတွက် ရှင်းလင်းပြတ်သားပြီး သတ်မှတ်ချိန်ပါရျိတဲ့ မူဘောင်တစ်ရပ် ချမှတ်ခြင်းဖြင့် အာဆီယံ ဘုံသဘောတူညီ ချက်ငါးရပ် အကောင်အထည်ဖော်ဆောင်မှု အရှိန်မြှင့်ဖို့ အချက်နှစ် ချက်ကို မလေးရှားနိုင်ငံက တင်ပြခဲ့ပါတယ်။
အခြေခံဥပဒေအရ မြန်မာပြည်သူတွေကိုအာမခံပေးထားတဲ့ နိုင်ငံသားနဲ့ နိုင်ငံရေးအခွင့်အရေးတွေဖြစ်တဲ့ ဒီမိုကရေစီစနစ်၊ အားလုံးပါ၀င်ပြီး တရားမျှတမှု၊ ငြိမ်းချမ်းမှုနဲ့ သဟဇာတရှိပြီး သာယာဝပြောတဲ့ မြန်မာနိုင်ငံပဲ ဖြစ်တယ်လို့ ၄င်းက ဆိုပါတယ်။
မြန်မာနိုင်ငံမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေ ပါ၀င်ဖော်ဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ တည်ငြိမ်ရေးနဲ့ အသွင်ကူးပြောင်းရေး၊ လွတ်လပ်ပြီး အများသဘောတူညီတဲ့ ရွေးကောက်ပွဲတွေ ကျင်းပနိုင်ရေးတွေလည်း လိုအပ် တယ်လို့ ဆိုင်ဖူဒင်က ပြောပါတယ်။
အာဆီယံက သက်ဆိုင်သူတွေနဲ့ မြန်မာ့အရေး ဆွေးနွေးရာမှာ အားလုံးပိုမိုပါ၀င်တဲ့ ဆွေးနွေးမှုတွေဖြစ်ဖို့၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ ထိတွေ့ ဆက်ဆံမှုတွေ အရှိန်မြှင့်ပြုလုပ်ဖို့နဲ့ အဲဒီလိုဆွေးနွေးမှုတွေကိုလည်း လူသိရှင်ကြား ထုတ်ပြန်ဖို့ မလေးရှားနိုင်ငံက တိုက်တွန်းခဲ့တယ်လို့ သူက ဆိုပါတယ်။
“မြန်မာ့အရေးနဲ့ပတ်သက်ပြီး အစည်းအဝေးမှာ ကျွန်တော်တို့ အလေးထား ဆွေးနွေးခဲ့ပါတယ်” လို့လည်း ၄င်းက အစောပိုင်းမှာ ပြောကြားခဲ့ပါသေးတယ်။
ကိုးကား – တွစ်တာ