ဧရာဝတီတိုင်းမ်
ဧပြီ ၁၈ ရက်
တရုတ်နိုင်ငံဟာ ဧပြီလ ၁၇ ရက်မှစပြီး မြန်မာနယ်စပ်အနီးမှာ လေကြောင်းရန်ကာကွယ်ရေးနဲ့ ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုတွေ စတင်ခဲ့ရာ မြန်မာစစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေစဉ် ဒီလအတွင်း ဒုတိယအကြိမ်မြောက် စစ်ရေးလေ့ကျင့်မှုဖြစ်တယ်လို့ နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။
တော်လှန်ရေးတပ်ဖွဲ့တွေက ထိုင်းနယ်စပ်အနီး အရေးပါသော ကုန်သွယ်ရေးအချက်အချာ မြဝတီမြို့ကို သိမ်းပိုက်တာကြောင့် ဒုက္ခသည်တွေ ထိုင်းနိုင်ငံတွင်း အစုလိုက်အပြုံလိုက် ဝင်ရောက်ပြီး နောက် ပဋိပက္ခတွေ အရှိန်မြှင့်လာစဉ် စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်တာပါ။
တရုတ်တပ်ဖွဲ့တွေကို အရေးပေါ်အခြေအနေတွေ လက်တုံ့ပြန်ဖို့ အမြဲ ပြင်ဆင်ထားပြီး နိုင်ငံ့အ ချုပ်အခြာအာဏာ၊ နယ်စပ်တည်ငြိမ်ရေးနဲ့ ပြည်သူတွေရဲ့ အသက်အိုးအိမ် ဘေးကင်းရေးကို ကာကွယ် စောင့်ရှောက်မယ်လို့ တောင်ပိုင်းစစ်ဌာနချုပ်က ပြောပါတယ်။
မြန်မာစစ်ကောင်စီဟာ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း မျက်နှာစာပေါင်းစုံမှာ တွန်းလှန်မှုတွေ ရင်ဆိုင်ခဲ့ရပြီး ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနောက်ပိုင်း နယ်စပ်ဒေသတွေမှာ ရှုံးနိမ့်မှုတွေကြောင့် တ ရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနယ်စပ်တွေမှာ နယ်မြေတွေ ဆုံးရှုံးခဲ့ရပါတယ်။
တရုတ်နိုင်ငံဟာ ထောင်နဲ့ချီတဲ့ပြည်သူတွေကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးစေခဲ့တဲ့ ပဋိပက္ခမှာ စေ့စပ်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ တရုတ်နိုင်ငံက ဇန်နဝါရီလအတွင်း စေ့စပ်ပေးခဲ့တဲ့ အပစ် အခတ်ရပ်စဲရေး ဆွေးနွေးမှုနောက်ပိုင်း မြန်မာနိုင်ငံမြောက်ပိုင်းမှာ တည်ငြိမ်မှုရှိခဲ့ပါတယ်။
ဇန်နဝါရီလအတွင်း မြန်မာဘက်မှ လက်နက်ကြီးကျည်တစ်လုံး ယူနန်ပြည်နယ်ဘက်ကို ကျ ရောက်ခဲ့လို့ လူငါးဉီး ဒဏ်ရာရရှိခဲ့တာကြောင့် တရုတ်နိုင်ငံက ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုခဲ့ ပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင်ပဋိပက္ခဟာ လူသေဆုံးမှုတွေ ဖြစ်စေခဲ့ကာ လုံခြုံရေးအခြေအနေ ရှုပ်ထွေးစေခဲ့ပြီး နယ်စပ်နေ ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်ရမယ့် တာဝန်တစ်ရပ်ရှိတယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်း ကျည်အစစ်နဲ့ စစ်ရေးလေ့ကျင့်မှုပြုလုပ်ချိန်မှာ တရုတ်စစ်တပ်က ပြောကြား ခဲ့ပါတယ်။
“နယ်စပ်လုံခြုံရေးကို ကာကွယ်စောင့်ရှောက်ဖို့က ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ရဲ့ တာဝန်ဖြစ်ပါတယ်” လို့ တရုတ်စစ်တပ်က ပြောပါတယ်။
တရုတ်သံရုံးရဲ့ နိုဝင်ဘာလနဲ့ ဒီဇင်ဘာလအတွင်း လုံခြုံရေးသတိပေးချက်မှာ မြန်မာနိုင်ငံ၊ ရှမ်း ပြည်နယ်၊ ကိုးကန့်ဒေသရှိ လောက်ကိုင်မြို့မှ သူ့နိုင်ငံသားတွေ ထွက်ခွာကြဖို့ တိုက်တွန်းခဲ့ပါတယ်။
ကိုးကား – Reuters
Ref; China’s military plans more drills near Myanmar border
#Ayeyarwaddy_Times