ဧရာဝတီတိုင်းမ်
သြဂုတ်လ ၄ ရက်
စစ်ကောင်စီက ဒီမိုကရေစီလိုလားသူ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်တာကို အလွန် စိတ်ပျက်မိတယ်လို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပြောကြားလိုက်ပါတယ်။
နိုင်ငံရေးဆွေးနွေးမှု၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်ရင်ကြားစေ့ရေးအတွက် သေဒဏ်ကို ပြန်လည်သုံးသပ်ဖို့ မေတ္တာရပ်ခံခဲ့ပေမယ့် စစ်ကောင်စီရဲ့ ကြိုးပေးကွက်မျက်မှုက အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို အလွန် စိတ်ပျက်စေ တယ်လို့ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆမ်က အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
စစ်ကောင်စီက အတိုက်အခံ တက်ကြွလှုပ်ရှားသူတွေကို ဆက်လက် ကွက်မျက်နေမယ်ဆိုရင် အာဆီယံ က မြန်မာ့အကျပ်အတည်းအတွက် ချည်းကပ်ပုံနည်းလမ်းသစ်တစ်ခု ပြောင်းရလိမ့်မယ်လို့ သူက ဆိုပါတယ်။
“မြန်မာ့အရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေးထား ဆွေးနွေးခဲ့ပါတယ်” လို့ မလေးရှား နိုင်ငံခြား ရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ ရွေးကောက်ခံအစိုးရကို ဖြုတ်ချကာ ဒီမိုကရေစီ ဒီမိုကရေစီ ဆန္ဒပြ သူတွေအပေါ် အကြမ်းဖက်နှိမ်နင်းမှုကြောင့် အာဆီယံအဖွဲ့က အာဏာသိမ်းခေါင်းဆောင်နဲ့ စစ်ကောင်စီ နိုင်ငံခြား ရေးဝန်ကြီးကို ဒေသတွင်းအစည်းအဝေးတွေမှာ တက်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။
စစ်ကောင်စီက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိ တာကြောင့် အာဆီယံအဖွဲ့က မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံမယ့်နည်းလမ်းကို ပြောင်းလဲဖို့ လိုအပ်နေပြီလို့ အ မည်မဖော်လိုတဲ့ အာဆီယံသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။
အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဖော်ဆောင်ဖို့ စစ်ကောင် စီအတွက် မူဘောင်တစ်ရပ် တင်သွင်းသင့်တယ်လို့ ဆိုင်ဖူဒင်က ဆိုပါတယ်။
ကိုးကား – Bangkok Post
Ref; Asean ‘deeply disappointed’ over Myanmar execution of activists