ဧရာဝတီတိုင်းမ်
ဧပြီ ၁၃ ရက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒီမိုကရေစီအင်အားစုတွေရဲ့ လက်နက်ကိုင်တွန်းလှန်မှု တွေ ဖြစ်ပွားလျက်ရှိရာ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာစစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံအတွက် ရပ်တန့်နေသော ငြိမ်းချမ်းရေးစီမံချက် ဆက်လက်လုပ်ဆောင်ဖို့ ထိုင်းနိုင်ငံ က အာဆီယံနိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါ နူကာရာက ပြောပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးတာ ထိုင်းနိုင်ငံက မြင်တွေ့လိုတယ်” လို့ KNU ဉီးဆောင်တဲ့ စစ်ကောင်စီတော်လှန်ရေးတပ်ဖွဲ့တွေက စစ်တပ်ထိန်းချုပ်မှုမရှိအောင် တိုက်ထုတ်နိုင်ခဲ့တဲ့ မြဝတီမြို့နဲ့ ကပ်လျက်တည်ရှိတဲ့ မဲဆောက်မြို့ကို သွားရောက်ပြီးနောက် သူက သတင်းထောက်တွေကို ပြောပါတယ်။

တိုက်ပွဲတွေကြောင့် လမ်းပိတ်ဆို့မှုတွေဖြစ်လာရင် အစားထိုးမယ့် ကုန်သွယ်မှုလမ်းကြောင်းတွေ ကို ထိုင်းနိုင်ငံက စဉ်းစားနေတယ်လို့ ၎င်းက ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေထံ မြဝတီမြို့ ကျသွားပြီးနောက် မြန်မာမှ ထိုင်းနိုင်ငံသို့ ထွက်ပြေးလာ နိုင်တဲ့ စစ်ရှောင်တွေ အစုလိုက်အပြုံလိုက်ဝင်ရောက်မှုအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ် လို့ ထိုင်းအစိုးရက ပြောပါတယ်။

မြဝတီမြို့ လက်လွှတ်ရမှုက စီးပွားရေးကျဆင်းမှုကြောင့် ရုန်းကန်နေရတဲ့ မြန်မာစစ်ကောင်စီအ တွက် ကြီးမားသော ထိုးနှက်ချက်တစ်ခုဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ နယ်မြေတွေ ဆုံးရှုံးတာကြောင့် နယ်စပ်ကုန်သွယ်ရေးမှ အရေးပါ သော ဝင်ငွေဆုံးရှုံးမှုတွေ ကြုံတွေ့လာမယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ကိုးကား – The Independent
Ref; Thailand asks Myanmar’s junta to reduce violence amid border clash

#Ayeyaewaddy_Times