ဧရာဝတီတိုင်းမ်
ဧပြီ ၁၁ ရက်

နယ်စပ်ဧရိယာတွေမှာ ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံတွေ့ခဲ့ရတဲ့ အင်အားချည့်နဲ့လာသော မြန်မာ စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားရာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အနောက်ပိုင်းနယ်စပ်မြို့တစ်လျှောက် ထိုင်းစစ်တပ်က လုံခြုံရေး တင်းကျပ် လိုက်ပါတယ်။

မြန်မာနယ်စပ်မြို့ မြဝတီမှာ ပေါက်ကွဲမှုနဲ့ တိုက်ပွဲပြင်းထန်တဲ့အသံတွေ ထွက်ပေါ်နေစဉ် စက် သေနတ်တပ်ဆင်ထားတဲ့ ထိုင်းစစ်တပ်ယာဉ်တွေဟာ မဲဆောက်မြို့က လမ်းမတွေမှာ ကင်းလှည့်ခဲ့တယ် လို့ ဒေသခံတွေက ပြောပါတယ်။

KNU နဲ့ မဟာမိတ် စစ်ကောင်စီတော်လှန်ရေးအဖွဲ့တွေက တိုက်ခိုက်ခဲ့တဲ့ မဟာဗျူဟာအရ အ ရေးပါသော ကုန်သွယ်ရေးစခန်းရှိရာ မြဝတီမြို့ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ထိုင်းစစ်တပ်မှ တပ်မှူးနှစ်ဉီးက ဒေသန္တရမီဒီယာတွေကို ပြောပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား လက်ရှိတိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံ တွင်း လူ ၂၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KPSN ရဲ့ ပြောကြားချက်အရ သိရပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရကို ဖြုတ်ချကာ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုအတွင်း အာဏာရ လာခဲ့တဲ့ မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ ပြည်သူ့လှုပ်ရှားမှုတွေကြောင့် ရှုံးနိမ့် မှုတွေ ဆက်တိုက် ကြုံတွေ့ခဲ့ရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ မြန်မာနိုင်ငံရဲ့ ဘင်္ဂလားဒေ့ရှ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေနဲ့ ထိစပ်နေ တဲ့ နယ်စပ်ဒေသတွေမှာလည်း နယ်မြေတွေ ဆုံးရှုံးခဲ့ပြီး ၁၉၆၂ ခုနှစ်၊ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အကြီးမားဆုံး စမ်းသပ်မှုကို လက်ရှိ ရင်ဆိုင်နေရပါတယ်။

လက်နက်ကောင်းစွာတပ်ဆင်ထားတဲ့ မြန်မာစစ်တပ်ဟာ လနဲ့ချီ တိုက်ပွဲဝင်နေရတာကြောင့် စစ် အင်အားလျှော့နည်းလာလို့ စစ်သားစုဆောင်းဖို့ စစ်မှုထမ်းဉပဒေကို တွန်းအားပေးလုပ်ဆောင်နေပါ တယ်။

ကိုးကား – Reuters
Ref; Thai military step up patrols along Myanmar border as clashes continue

#Ayeyarwaddy_Times