မြရာ/ဧရာ၀တီတိုင်းမ်

ဧပြီ ၁၁ ရက်

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်ကောင်စီရှိ အေလာလေတပ်စခန်းကို ဧပြီလအတွင်းတွင်ပင် ဒုတိယ အကြိမ် ရှော့တိုက်ဒုံး ခုနစ် လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

ယနေ့ ဧပြီ ၁၁ ရက် နံနက် ၄ နာရီ ၄၅ မိနစ်တွင် ၁၀၇ မမ ဒုံးကျည် ခုနစ် လုံးဖြင့် အေလာလေတပ်စခန်း ကို ဒရုန်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ထိခိုက်ပျက်စီးမှုများရှိကြောင်း တပ်တွင်း သတင်းရင်းမြစ်ထံက သိရသည်။

“အေလာ လေတပ်ကို ရှော့တိုက်ဒုံး ခုနစ် လုံးကျတယ်။ ဘန်ကားတွေရော သင်္ကြန်မဏ္ဍပ်ကို တစ်လုံးကျတယ်။ မဏ္ဍပ်ပျက်စီးသွားတယ်။ စစ်ခေါင်းဆောင်လာမယ် လို့ပြောထားတဲ့ မဏ္ဍပ်။ တစ်တပ်လုံးရှော့တိုက်ဒုံး ကြောင့် အကုန်လန့်နိုးကုန်တယ်”ဟု တပ်တွင်းသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

နေပြည်တော် အေလာလေတပ်ကို ပြည်သူ့ကာကွယ် ရေးတပ်မတော် အထူးတပ်ဖွဲ့နှင့် ရှားထူးဝေါဒရုန်းတပ် ဖွဲ့တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းသို့ တိုက်ခိုက်မှုသည် တစ်ပတ်အတွင်းနှစ်ကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အခုရှော့တိုက်ဒုံးပစ်ခတ်တဲ့နေရာကို ရဟတ်ယာဉ် တွေနဲ့ရှာနေတယ်။ အေလာ လေတပ်ထဲမှာ မင်းအောင် လှိုင်အတွက် မဏ္ဍပ်ဆောက်လုပ်ထားပြီးတော့ အဲဒီ မဏ္ဍပ်လည်း ပျက်စီးသွားတယ်။ ယုန်လေးတို့ G-Fatt တို့ ဆုပန်ထွာနဲ့ အခြားမင်းသား မင်းသမီးတွေလည်း လာမယ်လို့ သိထားတယ်”ဟု အေလာတပ်နှင့် နီးစပ် သည့် သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ယခုတစ်ကြိမ်ပစ်ခတ်မှုကို Mountain Knights Civilian Defense Force (MKCDF)က Brave Warriors For Myanmar BWM အဖွဲ့၏ စီမံမှုဖြင့် အေ လာလေတပ်အတွင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် စစ်ကောင်စီက ရဟတ်ယာဉ်များဖြင့် ရှော့ တိုက်ဒုံးပစ်ခတ်သည့် နေရာများကို ရှာဖွေလျက်ရှိ ကြောင်း သိရသည်။

ယခု ဧပြီလ ပထမပတ်အတွင်းတွင်ပင် စစ်ကောင်စီ၏ နေပြည် တော်စစ်ရုံးချုပ်၊ ကပစစက်ရုံ၊ မေမြို့စစ်တက္ကသိုလ်၊ ရှေ့တောင်တိုင်းစစ်ဌာနချုပ်ရှိရာများသို့ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း သိရသည်။

#နေပြည်တော် #အေလာလေတပ်စခန်း #ရှော့တိုက်ဒုံး #ထပ်မံပစ်ခတ်ခံရ #သင်္ကြန်မဏ္ဍပ်ပျက်စီး #Ayeyarwaddy_Times