ဧရာဝတီတိုင်းမ်
ဧပြီ ၁၀ ရက်

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) တွေရဲ့ လက်တွင်းမှာ စစ်မြေပြင်ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံတွေ့နေရတဲ့ မြန်မာစစ်ကောင်စီ အကြီးအကဲ မင်း အောင်လှိုင်နဲ့ စေ့စပ်ညှိနှိုင်းဖို့ ကမ္ဘောဒီးယား ခေတ္တ နိုင်ငံ့အကြီးအကဲ ဟွန်ဆမ်က ကမ်းလှမ်းလိုက်ပါတယ်။

KNU က အရေးပါတဲ့ နယ်စပ်မြို့ မြဝတီကို သိမ်းပိုက်ပြီးနောက် ဟွန်ဆမ်ဟာ ဧပြီလ ၈ ရက်က ဖနောင်ပင်မြို့တော်မှာ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာစစ်ကောင်စီခန့် သံအမတ် ကျော်စိုးမင်းနဲ့ တွေ့ ဆုံစဉ် အွန်လိုင်းကနေတစ်ဆင့် တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တာပါ။

မြန်မာ့အရေး ဖြေရှင်းဖို့ရည်ရွယ်ကာ မင်းအောင်လှိုင်နဲ့ ဟွန်ဆမ်က တွေ့ဆုံဆွေးနွေးမယ်လို့ ကမ္ဘောဒီးယားအစိုးရအာဘော် Fresh News က ဖော်ပြပါတယ်။

ဟွန်ဆမ်က ဝန်ကြီးချုပ်နဲ့ အာဆီယံအဖွဲ့ ဉက္ကဌအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ်အစောပိုင်းမှာ ၎င်းတို့နှစ်ဉီး တွေ့ဆုံခဲ့ဖူးပါတယ်။

နောက်အပတ်မှာကျရောက်မယ့် ခမာနှစ်ကူးမတိုင်မီ သို့မဟုတ် ခမာနှစ်ကူးပြီးနောက် သင့်တော် တဲ့အချိန်မှာ မင်းအောင်လှိုင်နဲ့ တွေ့ဆုံဖို့ ဟွန်ဆမ်က ပြင်ဆင်ထားတယ်လို့ ကမ္ဘောဒီးယားနိုင်ငံပိုင် AKP သတင်းဌာနက ဖော်ပြပါတယ်။

အလွန်ရှုပ်ထွေးတဲ့ မြန်မာ့အရေး ပြေလည်စေဖို့ နောက်ထပ် ၅ နှစ် အချိန်ယူရမယ်လို့ ဟွန်ဆမ် က ပြောကြားခဲ့ဖူးပါတယ်။

ကိုးကား – UCA News
Ref; Cambodia’s Hun Sen offers to negotiate with Myanmar’s Hlaing