
အိုလီဗီယာ/ဧရာဝတီတိုင်းမ်
(ဖျာပုံ)၊ ဩဂုတ်လ ၄ ရက်
ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်မှာ ဇူလိုင်လကုန်ပိုင်းက ပြုလုပ်ခဲ့တဲ့ နန်းထိုက်အောင်စစ်ဆင်ရေးအပြီး စစ်ကောင်စီတပ်သားတွေက ဘန်ကာတွေကို ပြန်လည်ဖြုတ်သိမ်းလာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ဖျာပုံမြို့နယ်အောင် နန်းထိုက်အောင် ဒုတိယအကြိမ်စစ်ဆင်ရေးအဖြစ် ဇူလိုင်လ ၂၈ ရက်နေ့က ချောင်းတွင်း တံတားအဆင်းက စစ်ဆေးရေးဂိတ်နဲ့ ရွှေရတုထွေအုပ်ရိပ်သာနာက စစ်ကောင်စီကားတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ဘန်ကာတွေကို ပြန်ရုတ်သိမ်းနေတယ်လို့ Black Dragon Force Pyapon အဖွဲ့က ပြောပါတယ်။
“ ကျွန်တော်တို့ မိုင်းခွဲတိုက်ခိုက်မှုအပြီး စစ်ကောင်စီက စစ်ဆေးရေးဂိတ် ဘန်ကာတွေဖျက်သိမ်းတာ ခု ဘန်ကာအစား လမ်းမပေါ်မှာစစ်ဆေးနေတယ်”လို့ Black Dragon Force Pyapon အဖွဲ့က ဗိုလ်နိုင်းဒီက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဒေသခံတွေဖြတ်သန်းသွားလာတဲ့ ချောင်းတွင်းတံတား စစ်ဆေးရေးဂိတ်မှာလဲ ဩဂုတ်လ ၄ ရက်နေ့ မနက် ၁၀ နာရီကျော်က သေနတ်ပစ်ဖောက်တာတွေပစ်လုပ်ခဲ့ပြီး စစ်ကောင်စီတပ်သားတွေက မထင်ရင် မထင်သလို့ သေနတ်ပစ်ဖောက်ခြောက်လှန့်လေ့ရှိတယ်လို့ ဆိုပါတယ်။
ဖျာပုံမြို့နယ်မှာ နန်းထိုက်အောင် ဒုတိယအကြိမ်စစ်ဆင်ရေးအပြီးမှာ စစ်ကောင်စီတပ်သားတွေက စစ်ဆေးရေး ပိုမိုတင်းကြပ်ပြီးပြုလုပ်လာသလို သေနတ်တွေအကြောင်းမဲ့ပစ်ဖောက်တာတွေလည်း ပြုလုပ်လာတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
Black Dragon Force Pyapon အဖွဲ့က ဇူလိုင်လ ၂၈ ရက်နေ့က ဖျာပုံမြို့မှာ စစ်ကောင်စီကိုတိုက်ခိုက်ခဲ့မှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲအုပ်တဦးအပါဝင် ၅ ဦးဒဏ်ရာရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။