
မြရာ/ဧရာ၀တီတိုင်းမ်
ဧပြီ ၈ ရက်
စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ ပျူစော ထီးရွာ လေး ရွာမှ ပျူစောထီးအင်အား ၁၂၀ ခန့်သည် ယနေ့ ဧပြီ ၈ ရက်နေ့ နံနက်အစောပိုင်းက ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့ ကြောင်း သိရသည်။
ယနေ့ နံနက် ၂ နာရီခန့်က ဟုမ္မလင်း မြို့နယ်အတွင်းရှိသည့် ကျွန်းကုန်းကျေးရွာအခြေပြု ကျွန်းကုန်းရွာ၊ သောင်သွတ်ရွာ၊ အင်ကြင်းမော်ရွာ၊ မနော်သာရွာတို့မှ ပျူစောထီးအင်အား စုစုပေါင်း ၁၂၀ ခန့်သည် ခန္တီး၊ ဖောင်းပြင်နှင့် ဟုမ္မလင်းကာကွယ်ရေး တပ်ဖွဲ့များထံ လက်နက်ချအညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားသည်။
ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များသည် အဆိုပါ ရွာ လေး ရွာရှိ ပျူစောထီးများကို ပြီးခဲ့သည့် မတ်လ ၃၀ ရက်မှစတင်ကာ ယနေ့ ဧပြီ ၈ ရက်နေ့အထိ ၁၀ ရက်အကြာ ပိတ်ဆို့ထားခဲ့ခြင်းဖြစ်သည်။
တော်လှန်ရေးတပ်ဖွဲ့များသည် ထိုသို့ ပိတ်ဆို့ထားရာမှ လော်စပီကာဖြင့် ပျူစောထီးအဖွဲ့များကို လက်နက်ချ အလင်း၀င်ရန် လှုံ့ဆော်တိုက်တွန်းခဲ့ရာ ယခုကဲ့သို့ လက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ မတ်လ ၃၀ ရက်မှစတင်ကာ ပိတ်ဆို့ခဲ့သည့် ကျွန်းကုန်းတိုက်ပွဲအတွင်း လက်နက်မျိုးစုံ ၁၃၀ လက်အပါအ၀င် ခဲယမ်းမီး ကျောက်မျိုးစုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အထူးလှုပ်ရှား တပ်ရင်း (၄၊ ၈)၊ မော်လိုက်ခရိုင်တပ်ရင်း ၁၊ ခန္တီးခရိုင်တပ်ရင်း ၁၊ ဖောင်းပြင်မြို့နယ်ပကဖနှင့် ဟုမ္မလင်းမြို့ နယ်ပကဖပူးပေါင်းအဖွဲ့တို့က ၉ ရက်ကြာပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပုံစာ-သိမ်းဆည်းရမိခဲ့သည့်လက်နက်ခဲယမ်းများ
#စစ်ကိုင်း #ခန္တီး #ဟုမ္မလင်း #ကျွန်းကုန်း #ပျူရွာ၄ရွာ #လက်နက်ချအညံ့ခံ #PDF #NUG #ထုတ်ပြန် #Ayeyarwaddy_Times