ဧရာဝတီတိုင်းမ်
ဧပြီ ၈ ရက်

၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ကောင်စီဟာ အင်အားချည့်နဲ့လာပြီး တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ဖို့ အချိန်ကျပြီဟု ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။

“လက်ရှိ စစ်အစိုးရဟာ အင်အားချည့်နဲ့လာပါပြီ။ သူတို့ရှုံးရင်တောင် သူတို့မှာ အင်အားနဲ့ လက်နက်တွေ ရှိတယ်” လို့ ဧပြီ ၈ ရက်က အပန်းဖြေကျွန်း ကော့စမွေမှာ ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ သူက ပြောပါတယ်။ “မြန်မာစစ်ကောင်စီနဲ့ သဘောတူညီချက်တစ်ရပ်ပြုလုပ်ဖို့ အချိန်ကျပါပြီ” လို့ သူက ဆိုပါတယ်။

Srettha ဝန်ကြီးချုပ် ဖြစ်လာပြီးနောက်ပိုင်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေကြား ဆွေးနွေးမှုတွေပြုလုပ် ဖို့ရည်ရွယ်ကာ မြန်မာနိုင်ငံသို့ အကူအညီတွေ ပေးအပ်တာ အပါအဝင် ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ထိ တွေ့ဆက်ဆံမှုပေါင်းစုံ ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ထိုင်းနိုင်ငံအတွက် အလွန်အရေးကြီးကြောင်း၊ သူနဲ့ ထိုင်းတာဝန်ရှိသူတွေဟာ မြန်မာနိုင် ငံက ပါဝင်ပတ်သက်သူတွေ၊ တရုတ်နဲ့ အမေရိကန်အပါအဝက် နိုင်ငံတကာမိတ်ဖက်တွေနဲ့ ဆွေးနွေးမှု တွေ ပြုလုပ်ခဲ့တယ်လို့ Srettha Thavisin က ပြောပါတယ်။

“မြန်မာနိုင်ငံက စည်းလုံးညီညွတ်ပြီး ငြိမ်းချမ်းလာမယ်ဆိုရင် ထိုင်းနိုင်ငံဟာ အကျိုးအမြတ် အများဆုံးရ မယ့်နိုင်ငံပါ” လို့ သူက ဆက်ပြောပါတယ်။

ထိုင်းအစိုးရဟာ နိုင်ငံတကာပဋိပက္ခမှာ ဘက်မလိုက်ဘဲ ထိုင်းအစိုးရရဲ့မူဝါဒဟာ ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ဖြစ်တယ်လို့ အစိုးရ ပြောရေးဆိုခွင့်ရှိသူ Chai Watcharong က ယနေ့ မြန်မာ့အရေးနဲ့ပတ် သက်လို့ မီဒီယာတွေနဲ့ တွေ့ဆုံအပြီးမှာ ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောပါတယ်။

မြန်မာ့အရေး ထိုင်းအစိုးရရဲ့မူဝါဒတွေ ထိရောက်စေဖို့ မနက်ဖြန်မှာ အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ စစ်ဘက် အကြီးတန်းအရာရှိတွေ၊ လုံခြုံရေးအာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စီစဉ်နေတယ်လို့ Srettha Thavisin က ပြောပါတယ်။

ကိုးကား – Reuters
Ref; Thai PM Srettha says Myanmar regime ‘losing strength’

#Ayeyarwaddy_Times