ဧရာဝတီတိုင်းမ်
ဧပြီ ၇ ရက်

ဩစတြေးလျနိုင်ငံမှ ဂျူလီဘီးရှော့ပ်ကို မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ် ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က ယနေ့ ကြေညာပါတယ်။

ဂျူလီဘီးရှော့ပ်ဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလန်းဟေဇာရဲ့နေရာကို ဆက်ဆံတာဖြစ်ပါတယ်။

ဂျူလီဘီးရှော့ပ်ဟာ နိုင်ငံရေး၊ ဥပဒေ၊ စီမံခန့်ခွဲရေးနဲ့ အကြီးတန်းခေါင်းဆောင်မှုနယ်ပယ်မှာ အ တွေ့အကြုံရှိသူတစ်ဉီး ဖြစ်ပါတယ်။

ဂျူလီဘီးရှော့ပ်ဟာ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဩစတြေးလျအစိုးရအဖွဲ့မှာ နိုင်ငံခြားရေး ဝန်ကြီး၊ ပညာရေး၊ သိပ္ပံနှင့် လေ့ကျင့်ရေးဝန်ကြီး၊ ဝန်ကြီးချုပ်ရုံးဝန်ကြီးတို့ကို တာဝန်ထမ်းဆောင်ခဲ့ပါ တယ်။

၎င်းဟာ နှစ် ၂၀ ကျော် ဥပဒေနယ်ပယ်မှာ တာဝန်ထမ်းဆောင်ပြီးနောက် ၁၉၉၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ဩစတြေးလျလွှတ်တော်မှာ လွှတ်တော်အမတ်ဖြစ်ခဲ့ပါတယ်။

ဂျူလီဘီးရှော့ပ်ဟာ ဒေသတွင်း မိတ်ဖက်တွေနဲ့ ထိတွေ့ဆက်ဆံခဲ့ပြီး ကုလသမဂ္ဂ ပင်လယ်ပြင်များဆိုင်ရာ စေ့စပ်ဖျန်ဖြေရေး ကွန်ဗင်းရှင်း အပါအဝင် အပြည်ပြည်ဆိုင်ရာမှာ စေ့စပ်ညှိနှိုင်းရေး ကြိုး ပမ်းမှုတွေကို ဦးဆောင်ခဲ့ပါတယ်။

ဂျူလီဘီးရှော့ပ်ဟာ လက်ရှိမှာ ဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ အဓိပတိဖြစ်ပြီး အဒဲလိတ် တက္ကသိုလ်မှ ဥပဒေဘွဲ့ ရရှိထားပါတယ်။

ကိုးကား – https://press.un.org
Ref; Secretary-General Appoints Julie Bishop of Australia Special Envoy on Myanmar

#Ayeyarwaddy_Times