
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဧပြီ ၇ ရက်
တနင်္သာရီ တိုင်း၊ ထားဝယ်ခရိုင်၊ ရေးဖြူမြို့နယ် ကျောက်ကညှာရွာနှင့် ညင်းထွေးရွာ ကြားရှိ ညင်းထွေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးကို ပြီးခဲ့သည့် ဧပြီလ ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်ခန့်က သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား လေးဦးသေဆုံးခဲ့ကြောင်း (DGRF) တပ်ဖွဲ့ထံက သိရသည်။
“ညင်းထွေးရွာ အုပ်ချုပ်ရေးမှူး အိမ်မှာ တပ်စွဲထားတာကို အလစ်ဝင်ပစ်တာပါ။ တပ်စွဲ ထားတာက PDF တွေ နယ်မြေအတွင်း လှုပ်ရှားသွားလာနေတာကို ကြည့်ရင်း တပ်လာ စွဲထားပါ။ အဲဒါကို ဝင်ပစ်တာပါ” ဟု DGRF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဧရာဝတီတိုင်းမ်ကိုပြောသည်။
စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးစွာ ၆၀-မမ လက်နက်ကြီး ခြောက်လုံးဖြင့် ပစ်ခတ်ခဲ့ပြီးနောက် လက်နက်ငယ်များဖြင့်အနီးကပ် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား လေး ဦး သေဆုံးခဲ့ပြီး တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
အဆိုပါတိုက်ခိုက်မှုကို Dawei Guerrilla Revolutionary Force-DGRF ၊ထားဝယ်မြို့ နယ်ပြည်သူ့ကာကွယ်ရေးပြောက်ကျားတပ်ဖွဲ DDPDF ၊ ဥသြ တပ်ခွဲ(၁) ၊ဧဒင်မှူး တပ်ဖွဲ့ (၄) တော်လှန်ရေး ပူးပေါင်းတပ်များ မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ -DGRF
#ရေဖြူမြို့နယ် #ညင်းထွေးရွာ #အုပ်ချုပ်ရေးမှူးအိမ် #စစ်ကောင်စီတပ်သားများ #တိုက်ခိုက်ခံရ #၄ဦးသေဆုံး #Ayeyarwaddy_Times