ဧရာဝတီတိုင်းမ်
ဧပြီ ၃ ရက်

မွန်မိသားစုတစ်ခုကနေ မွေးဖွားခဲ့တဲ့ ထိုင်းလက်ရွေးစင် ဘောလုံးသမားတစ်ဉီးဟာ သူ့ရဲ့ လက် ရွေးစင်ဂျာစီကို လေလံတင်ခဲ့ပြီး ရရှိလာတဲ့ငွေကြေးကို စစ်ကောင်စီစစ်သင်္ဘောတွေရဲ့ ပစ်ခတ်မှုကြောင့် ပျက်စီးခဲ့တဲ့ နေအိမ်ပိုင်ရှင်တွေကို လှူဒါန်းမယ်လို့ သိရပါတယ်။

လက်ရွေးစင်ဘောလုံးသမား ပေါင်ဆာခွန်ဆန်ကာဆိုဖာဟာ ပြီးခဲ့တဲ့နှစ် AFC U 17 ပြိုင်ပွဲမှာ သူ ဝတ်ဆင်ခဲ့တဲ့ ဂျာစီနံပါတ် ၁၅ ကို အွန်လိုင်းကနေ လေလံတင်ခဲ့ရာ ပန်ဆတ်ခ်ဆိုသူ မွန်အမျိုးသမီးတစ် ဉီးက ဘတ် ၃၆၅၀၀ နဲ့ ဝယ်ယူသွားခဲ့ပါတယ်။
လေလံတင်တာကနေ ရရှိလာတဲ့ ငွေကြေးကို မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က ဓမ္မသရွာရှိ နေအိမ်ဆုံးရှုံးသွားသူတွေကို လှူဒါန်းမယ်လို့ ပေါင်ဆာခွန်က ပြောပါတယ်။

“လေလံပွဲမှာ ပါဝင်သူတိုင်းကို ကျေးဇူးတင်ရှိကြောင်း ကျွန်တော် ပြောချင်ပါတယ်။ လေလံ အောင်သူကို ကျေးဇူးတင်ပါတယ်။ လေလံအောင်သွားတဲ့စျေးနှုန်းက မမျှော်လင့်အောင် များပြားပါ တယ်” လို့ သူက ဆိုပါတယ်။

ပေါင်ဆာခွန်ဟာ လက်ရှိ ထိုင်းလိဂ် ၁ က ရတ်ချာဘူရီအက်ဖ်စီမှာ ကစားနေပြီး U23 အသင်းအ တွက် ရွေးချယ်ခံခဲ့ရပါတယ်။ ပေါင်ဆာခွန်ကို ဆောင်ခလာဘူရီခရိုင်က မွန်မိသားစုတစ်ခုကနေ မွေးဖွား ခဲ့တာပါ။
အသက် ၁၇ နှစ်အရွယ် ပေါင်ဆာခွန်ဟာ မတ်လ ၂၇ ရက်က ဂျိုင်းမြစ်အတွင်းရှိ စစ်ကောင်စီစစ် သင်္ဘောတွေရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသရွာရှိ နေအိမ်တွေ မီးလောင်တဲ့သတင်းကို ဖတ်ရှုခဲ့ ရပြီး စစ်ဘေးသင့်ပြည်သူတွေကို တစ်စုံတစ်ရာကူညီပေးလိုခဲ့ပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဓမ္မသရွာရှိ နေအိမ် ၃၀၀ ကျော် မီးလောင်ကျွမ်း ခဲ့ပြီး မြန်မာစစ်တပ်က မီးငြှိမ်းသတ်မယ့် မီးသတ်ယာဉ်တွေကို ရွာထဲ ဝင်ရောက်ခွင့်မပြုခဲ့ပါဘူး။

ဓမ္မသရွာသူရွာသားတွေဟာ ဘေးကင်းလုံခြုံရေးအတွက် တောတောင်ထဲ ၊ ဂူတွေထဲ နေထိုင်ဖို့ ကျေးရွာကနေ ထွက်ပြေးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ KNLA နဲ့ ဒေသတွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဓမ္မသရွာထဲ တိုက်ပွဲမရှိ ဘဲ လက်နက်ကြီးပစ်ခတ်ပြီး နေအိမ်တွေကို ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။

ကိုးကား – Bangkok Post
Ref; Footballer auctions national jersey to help war victims in Myanmar

#Ayeyarwaddy_Times