ဧရာဝတီတိုင်းမ်
မတ် ၃၀ ရက်

မြန်မာနိုင်ငံသားနှစ်ဉီးကို ပဋိပက္ခဘေးသင့် မြန်မာနိုင်ငံမှာ အသုံးပြုဖို့ ရည်ရွယ်ထားတဲ့ ဒရုန်း ဖျက်စက်တစ်လုံးနဲ့အတူ တပ်ခ်ပြည်နယ်၊ မဲဆောက်မြို့မှာ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံရှိ နေရပ်လိပ်စာတစ်ခုထံ ပေးပို့မယ့် အဆိုပါဒရုန်းဖျက်စက်ကို သတင်းပေးပို့မှုတစ်ခု အရ ဖမ်းဆီးမိခဲ့တာလို့ ရဲမှူးကြီး Nattakorn Rueantip က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေက သံသယရှိသူ မြန်မာနိုင်ငံသားနှစ်ဦးကို ဆက်သွယ်ကာ သယ်ယူပို့ ဆောင်ရေး ပြဿနာတွေကြောင့် ပို့ဆောင်မယ့်အထုပ်ကို ပြန်ယူရေး ချောစာဝန်ဆောင်မှုကို ဆက်သွယ် ဖို့ မေးမြန်းခဲ့ပါတယ်။

မြန်မာနိုင်ငံသားနှစ်ဉီး ရောက်ရှိလာချိန်မှာ ပို့ဆောင်မယ့်အထုပ်ကို စစ်ဆေးဖို့ ရဲတပ်ဖွဲ့က ပြော ကြားရာမှာ ဒရုန်းဖျက်စက်ကို တွေ့ရှိခဲ့တာကြောင့် ၎င်းတို့နှစ်ဦးကို လက်နက်ထိန်းချုပ်ရေးအက်ဥပဒေ အရ ခွင့်ပြုချက်မရှိဘဲ လက်နက်ပိုင်ဆိုင်မှုနဲ့ စွဲချက်တင်ခဲ့ပါတယ်။

အခြားပုဂ္ဂိုလ်တစ်ဦးက ၎င်းတို့ကို အွန်လိုင်းကနေ ဒရုန်းဖျက်စက် မှာယူကာ မြန်မာနိုင်ငံသို့ ပို့ ဆောင်ဖို့ အကူအညီတောင်းခဲ့တာလို့ မြန်မာနိုင်ငံသားနှစ်ဦးက စုံစမ်းစစ်ဆေးရေးမှူးတွေကို ပြောပါ တယ်။

စစ်ဆင်ရေးတွေမှာ ဒရုန်းတွေကို ကျယ်ပြန့်စွာ အသုံးပြုနေပြီး ဖမ်းဆီးမိခဲ့တဲ့ ဒရုန်းဖျက်စက်ကို မြန်မာနိုင်ငံက စစ်ဆင်ရေးတစ်ခုမှာ အသုံးပြုဖွယ်ရှိတယ်လို့ ရဲမှူးကြီး Nattakorn Rueantip က ဆိုပါ တယ်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေဟာ ထောက်လှမ်းဖို့နဲ့ တိုက်ခိုက်ရေး အတွက် ဒရုန်းတွေကို ကျယ်ပြန့်စွာ အသုံးပြုနေပါတယ်။

စစ်လက်နက်တွေ စုဆောင်းဖို့ သို့မဟုတ် စစ်လက်နက်တွေ ပို့ဆောင်မယ့် လမ်းကြောင်းတစ်ခုအ ဖြစ် သူ့ပိုင်နက်ကို အသုံးချတာကို ထိုင်းနိုင်ငံက ခွင့်မပြုဘူးလို့ ရဲမှူးကြီး Nattakorn Rueantip က ပြော ပါတယ်။

ဒရုန်းဖျက်စက် ဖမ်းဆီးရမိတာဟာ စစ်တပ်နဲ့ရဲတပ်ဖွဲ့ကြား သတင်းအချက်အလက် ပူးပေါင်းစု ဆောင်းတဲ့ စစ်ဆင်ရေးရဲ့ တစ်စိတ်တစ်ပိုင်းလို့လို့ မဲဆောက်ရဲစခန်း အကြီးအကဲ ရဲမှူးကြီး Pittayakorn Phetcharat က ပြောပါတယ်။

အမှုမှာပါဝင်တဲ့ အခြားသူတွေကို ဖမ်းဆီးနိုင်ဖို့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု တိုးချဲ့ပြုလုပ်မယ်လို့ သူက ဆက်ပြောပါတယ်။

ကိုးကား – Bangkok Post
Ref; Myanmar-bound drone jammer seized

#Ayeyarwaddy_Times