
ဧရာဝတီတိုင်းမ်
မတ် ၂၉ ရက်
ရာနှုန်းပြည့်စကောလားရှစ်ရနိုင်မည့် ခုနှစ်ကြိမ်မြောက် ထိုင်းတက္ကသိုလ်ပေါင်းစုံ ပညာရေးပြပွဲကို ဧပြီ ၇ ရက်နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးက ကြေညာသည်။
အဆိုပါပညာရေးပြပွဲတွင် မြန်မာပြည်သူများနှင့်ရင်းနှီးသော ချင်းမိုင်တက္ကသိုလ်၊ မဟီဒေါတက္ကသိုလ်၊ သမားဆတ် တက္ကသိုလ်အပါဝင် စီးပွားရေးအထူးပြုတက္ကသိုလ်များ၊ နည်းပညာတက္ကသိုလ်များနှင့် တက္ကသိုလ်၊ ကောလိပ် ကျောင်းပေါင်း ၃၂ ကျောင်းပါဝင်ကြောင်းသိရသည်။
“ မြန်မာကျောင်းသားတွေကို ထိုင်းထိပ်သီးကျောင်းတွေက ပါမောက္ခတွေ တာဝန်ရှိသူတွေနဲ့တိုက်ရိုက် တွေ့ဆုံရအောင်လုပ်ပေးတဲ့ပွဲဖြစ်ပြီး ၁၀၀ ရာခိုင်းနှုန်းစကောလားရှစ်ပေးမဲ့ တက္ကသိုလ်တွေလည်းပါဝင်တယ်” ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးလူမှုကွန်ယက်စာမျက်နှာတွင်ရေးသားထားသည်။
ထို့ပြင်ပညာရေးတစ်ပိုင်းတစ်ဖြစ်နေသူများဆက်လက်တက်ရောက်နိုင်မည့် Foundation ပရိုဂမ်များ၊ အင်္ဂလိပ်စာ အရည်အချင်းလက်မှတ်မရှိလည်းတက်နိုင်သော ကျောင်းများ၊ ထိုင်းနိုင်ငံမှတစ်ဆင့် အခြားနိုင်ငံခြား ကျောင်းတက်ချင်သူများလေ့လာနိုင်ကြောင်းသိရသည်။
“ ထိုင်းက public ကျောင်းတွေမှာတော့ ကျောင်းတက်ဖို့ဆွယ်တာ ကျောင်းသားခေါ်လာရင်ပိုက်ဆံရတာ မျိုးတွေမရှိဘူး။ Private ကျောင်းတွေမှာတော့ရှိတတ်တယ်” ဟု ဘန်ကောက်မြို့ရှိ Khon Kaen တက္ကသိုလ်တွင်တက်ရောက်နေသူတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထွက်ပညာရှာသူ၊ အလုပ်လုပ်သူများပြားလာနေချိန်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံအပါအဝင် နိုင်ငံရပ်ခြားထွက်သူပိုများလာကြောင်းသိရသည်။
ဓာတ်ပုံ – ထိုင်းသံရုံး
#ထိုင်းပညာရေးပြပွဲ #တက္ကသိုလ်ပေါင်းစုံ #ရန်ကုန်
#ကျင်းပ #ဆီဒိုနားဟိုတယ် #စကောလားရှစ်ရနိုင် #စီးပွားရေး #နည်းပညာတက္ကသိုလ် #Ayeyarwaddy_Times