
ဧရာဝတီတိုင်းမ်
မတ် ၂၃ ရက်
ဧရာ၀တီတိုင်း အတွင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ အရမဲနိူက်၍ ရွေးချယ်ရာတွင် မဲပေါက်သော်လည်း ငွေပေးပါက အခြားသူများနှင့် အစားထိုးပေးမှုများကို အုပ်ချုပ်ရေးမှူးများမှ ပြုလုပ်ပေးနေကြောင်းသိရသည်။
“တစ်ချို့က မဲပေါက်တယ် စစ်ထဲ၀င်ရမှာ ကြောက်တယ်။ မိဘ ကလဲ မ၀င်စေချင်ဘူး ဆိုရင် အုပ်ချုပ်ရေးမှူးရဲ့ အမာခံ လူနဲ့ အမည်ပြန်ချိန်းတာမျိုးတွေ လုပ်ပေးနေတယ်။ ငွေတော့ သိန်းဆယ်ချီပေးရတယ် မပေးနိုင်တဲ့သူကတော့ စစ်ထဲ၀င်ပေါ့” ဟု ပုသိမ်ခရိုင်
အတွင်းမှ ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိ ရပ်ကွက်နှင့်ကျေးရွာတစ်ချို့တွင် မဲ ပေါက်သူနှင့် အုပ်ချုပ်ရေးမှူးစီစဥ်ပေးသူများ လဲလှယ်ရာတွင် ငွေကျပ်သိန်း၃၀ မှ သိန်း ၅၀ အထိ တောင်းယူမှုများရှိနေကြောင်းသိရသည်။
စစ်မှုထမ်း ဥပဒေအရ စစ်သင်တန်းတက် ရောက်ရန် လူဦးရေအနည်းငယ်သာ ခေါ်ယူမည်ဟု စစ်ကောင်စီက ဝါဒဖြန့်နေသော်လည်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများမှ တစ်အုပ်စုလျှင် ခုနှစ်ဦးမှ ၁၀ဦးအထိ ရွေးချယ်ထားကာ သင်တန်းပို့ရန် စီစဉ်နေကြောင်း ဒေသခံများထံမှသိရသည်။
#ဧရာ၀တီတိုင်း #စစ်မှုထမ်း #အုပ်ချုပ်ရေးမှူး
#Ayeyarwaddy_Times