ဧရာဝတီတိုင်းမ်
မတ် ၁၈ ရက်

သူဟာ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရသူဖြစ်တယ်လို့ လက်ရှိ ရုရှားခေါင်းဆောင် ဗလာဒီမာပူ တင်က ကြေညာလိုက်ပါတယ်။

ကနဦးရလဒ်တွေအရ သူက သေချာပေါက် အနိုင်ရရှိကြောင်း ကြေညာပြီးနောက် ပူတင်ဟာ ရု ရှား ရွေးကောက်ပွဲကော်မရှင်ရုံးမှာ ထောက်ခံသူတွေကို စကားပြောဆိုခဲ့ပါတယ်။

ဆန္ဒမဲထည့်တဲ့ ရုရှားနိုင်ငံသားအားလုံးကို ကျေးဇူးတင်ရှိကြောင်း၊ ရုရှားနိုင်ငံဟာ စည်းလုံးညီ ညွတ်သော မိသားစုတစ်ခုဖြစ်ကြောင်း သူက ပြောပါတယ်။

ရွေးကောက်ပွဲရလဒ်က ရုရှားနိုင်ငံကို ပိုပြီး အင်အားတောင့်တင်းစေမယ်လို့ သူက ဆိုပါတယ်။ ဆန္ဒမဲ ၇၀ ရခိုင်နှုန်းခန့် ရေတွက်ပြီးချိန်မှာ ပူတင်က ပြိုင်ဘက် ၃ ဉီးကို ကျော်ဖြတ်ကာ ဆန္ဒမဲအားလုံးရဲ့ ၈၇ ရာခိုင်နှုန်း ရရှိထားတယ်လို့ ရုရှား ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကို ဝေဖန်တဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် ပိတ်ပင်ထားတာကြောင့် ပူတင်အတွက် တစ်ကယ့်ပြိုင်ဘက်တွေ မရှိခဲ့ပါဘူး။ ရုရှားရွေး ကောက်ပွဲဟာ မျှတမှုမရှိဘူးလို့ အနောက်နိုင်ငံတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ခဲ့ပါတယ်။

ရွေးကောက်ပွဲ အနိုင်ရရှိမှုကြောင့် အသက် ၇၁ နှစ်အရွယ် ပူတင်ဟာ ၂၀၃၀ ပြည့်နှစ်အထိ သမ္မတအဖြစ် ပဉ္စမသက်တမ်း အုပ်ချုပ်ခွင့်ရရှိစေမှာဖြစ်ပါတယ်။

ပူတင်ဟာ ယူကရိန်းကျူးကျော်စစ်အပါအဝင် သူ့ရဲ့ လက်ရှိ နိုင်ငံရေးရည်မှန်းချက်တွေကို ဆက် လက် ဖော်ဆောင်မယ်လို့ မျှော်မှန်းရပါတယ်။

ယူကရိန်းသမ္မတ ဇီလန်စကီးက ရုရှားရွေးကောက်ပွဲကို ပယ်ချခဲ့ပြီး တရားဝင်မှုမရှိဘူးဟုဆိုကာ ပူတင်ဟာ တရားမျှတမှုကို ကြောက်ရွံ့နေတယ်လို့ ပြောပါတယ်။
ပူတင်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) မှာ တရားစွဲဆိုသင့်တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ကိုးကား – NHK
Ref; Putin declares victory in Russia presidential election

#Ayeyarwaddy_Times