ဧရာဝတီတိုင်းမ်
မတ် ၁၅ ရက်

အွန်လိုင်းလိမ်လည်မှုနဲ့ဆက်စပ်ပြီး ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့ကနေ တရုတ်နိုင်ငံ သား ၈၀၀ ကျော်ကို နေရပ်ပြန်ပို့ခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ သိရပါ တယ်။

တရုတ်နိုင်ငံသားတွေကို မတ်လ ၁၃ ရက်က လောင်းကစားမြို့တော် ရွှေကုက္ကိုလ်ကနေ အိမ်နီးချင်း ထိုင်း နိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပြန်ပို့ခဲ့တာလို့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြော ပါတယ်။

စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဟာ ၂၀၂၃ ခုနှစ်အတွင်းက ကျားဖြန့်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ ထောင်နဲ့ချီသော တရုတ်နိုင်ငံသားတွေကို နေရပ်ပြန်ပို့ခဲ့ပါတယ်။

အရှေ့တောင်အာရှတစ်ဝှမ်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကာစီနိုလောင်းကစားရုံတွေ ပိတ်ပစ်ခဲ့ရမှု ကြောင့် ပျံ့ပွားလာတဲ့ ကျားဖြန့်လုပ်ငန်းတွေမှာ လူအများအပြားဟာ အဓမ္မ လုပ်အားအမြတ်ထုတ်ခံရမှု၊ လူမှောင် ခိုကူးမှုနဲ့ ငွေကြေးခဝါချမှုတွေမှာ ပတ်သက်ခဲ့ပါတယ်။

နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းတွေနဲ့ လောင်းကစားလုပ်ငန်းတွေကို ဖြိုခွင်းဖို့ တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်၊ မတ်လကတည်းက မြန်မာ၊ ထိုင်း အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။

တရုတ်နိုင်ငံသား ၈၀၀ ကျော်ဟာ အွန်လိုင်း ငွေကြေးခဝါချမှုဂိုဏ်းတစ်ခုနဲ့ ပတ်သက်နေတယ်လို့ ထုတ် ပြန်ချက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံသား ၅၀၇၇၂ ဉီး အပါအဝင် နိုင်ငံခြားသား ၅၂၈၂၀ ဉီးကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်ကာလအတွင်း နေရပ်ပြန်ပို့ခဲ့တယ်လို့ စစ်ကောင်စီအထောက်အပံ့ခံ မီဒီယာတွေ ရဲ့ ဖော်ပြချက်အရ သိရပါတယ်။

ကိုးကား – RFA
Ref; 800 Chinese deported from Myanmar’s Thai border

#Ayeyarwaddy_Times