ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၃ရက်

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊သာယာကုန်းမြောက်ဖက်၊GTC အနီးတွင် ယမန်နေ့ ဩဂုတ်လ ၂ရက်နေ့ မနက် ၆ နာရီ ၃၅ မိနစ်ခန့်မှ ညနေ ၂ နာရီနီးပါးအထိ CNDF နှင့် ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့များ နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က ၇ ဦးသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း ချင်းအမျိုးသားအဖွဲ့ချုပ် – CNO က သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲတွင် CNDF ၊ KKG-CDF,PDF,ပကဖ မှ စစ်ကြောင်းချီလာသော စစ်ကောင်စီတပ်များအား အနီးကပ်ခြုံခို တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့ဖက် အထိခိုက် အကျဆုံးမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။