ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

အာဏာသိမ်းစစ်ကောင်စီရဲ့ အာဆီယံ ဘုံသဘောတူညီချက်ငါးရပ်ကို ဖော်ဆောင်မယ့်အစီအစဉ်နဲ့ ငြိမ်း ချမ်းရေးဆောင်ရွက်မယ်ဆိုတာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ နိုင်ငံရေးသမားတွေက ပယ်ချလိုက်ပါတယ်။

အရေးပေါ်အခြေအနေ ခြောက်လသက်တမ်းတိုးတာ ကြေညာခဲ့တဲ့ အာဏာသိမ်းခေါင်းဆောင် မင်း အောင်လှိုင်ရဲ့ ဘက်ပေါင်းစုံမှာ အခြေအနေတိုးတက်လာရင် အာဆီယံ ဘုံသဘောတူညီချက်ကို ဖော်ဆောင်မယ် ဆိုတဲ့ကတိက နောက်ကျသွားခဲ့ပြီလို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောပါတယ်။

ကမ္ဘောဒီးယားနိုင်ငံမှာပြုလုပ်မယ့် ၅၅ ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာဖိုရမ် (ARF) တက်ရောက်ဖို့ ကမ္ဘာ့နိုင်ငံ ၄၀ ကျော်က ရာနဲ့ချီတဲ့သံတမန်တွေ ရောက်ရှိလာချိန်မှာ အချိန်ထပ်မဖြုန်းဘဲ စစ်ကောင်စီကို အရေး ယူဖို့ တိုက်တွန်းနေကြပါတယ်။

အမေရိကန်၊ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေနဲ့ တောင်ကိုရီး ယား နိုင်ငံခြားရေးဝန်ကြီးတွေက စစ်ကောင်စီရဲ့ ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦး ကွက်မျက်မှုအား လူ့အ ခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးမှုကို စစ်ကောင်စီက အလေးမထားတာကို ဖော်ပြနေတဲ့ အကြမ်းဖက်မှုအဖြစ် ရှုတ် ချခဲ့ကြပါတယ်။

ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို ကြိုးပေးကွက်မျက်တာဟာ အာဆီယံ ဘုံသဘောတူညီချက်ငါး ရပ်ကို စစ်ကောင်စီက ပျက်ရယ်ပြုတာလို့ မလေးရှားနိုင်ငံက ပြောကြားခဲ့ပါတယ်။

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံရဲ့ ငြိမ်းချမ်းရေးစီမံချက် ရှေ့ဆက်လုပ်ဆောင်ဖို့၊ စစ် ကောင်စီနဲ့ဆက်ဆံမှုပြုလုပ်ဖို့ ကြိုးပမ်းမှုတစ်ရပ် မအောင်မမြင်ဖြစ်ကာ ဝေဖန်ခံရပြီးတဲ့နောက် စစ်ကောင်စီကို ပြင်းထန်တဲ့ အစီအမံတွေနဲ့ အရေးယူဖို့ အာဆီယံ လွှတ်တော်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR) က တိုက် တွန်းလိုက်ပါတယ်။

မင်းအောင်လှိုင်ဟာ အာဆီယံ ဘုံသဘောတူညီချက်ကို လိုက်နာဖော်ဆောင်ဖို့ အချိန်ယူလွန်းပေမယ့် အဲဒီ သဘောတူညီချက်နဲ့ အာဆီယံကို လေးစားသမှုမရှိပါဘူး။ အခုချိန်ဟာ မင်းအောင်လှိုင်နဲ့ နောက်လိုက်တစ်သိုက် ဘုံသဘောတူညီချက် မဖော်ဆောင်တဲ့ နောက်ဆက်တွဲပြဿနာတွေအတွက် ပေးဆပ်ရမယ့်အချိန်ဖြစ်ပါတယ်” လို့ အင်ဒိုနီးရှား အောက်လွှတ်တော်အမတ်ဟောင်းနဲ့ APHR ဘုတ်အဖွဲ့ဝင် အီဗာဆန်ဒရီက ပြောပါတယ်။

ကိုးကား – UCA News
Ref; Myanmar’s promise to keep peace plan is ‘too little too late’