ဧရာဝတီတိုင်းမ်
သြဂုတ်လ ၃ ရက်

တရုတ်စစ်တပ်က အမြင့်ဆုံးအဆင့် တပ်လှုန့်ထားပြီး အမေရိကန် အောက်လွှတ်တော်နာယကရဲ့ ထိုင်ဝမ် ခရီးစဉ်ကို လက်တုံ့ပြန်မယ့် ပစ်မှတ်ထားစစ်ဆင်ရေးတွေ လုပ်ဆောင်မယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

သီးခြားအနေနဲ့ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဘက်ကွပ်ကဲမှုဌာနချုပ်က ထိုင်ဝမ်ကျွန်းအနီး ပူးတွဲစစ်ဆင်ရေးများ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုမှာ လေကြောင်းနဲ့ရေကြောင်း လေ့ကျင့်မှုတွေ၊ တာဝေးပစ် ကျည်အစစ်ပစ်ခတ်မှုနဲ့ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုတို့ ပါဝင်မယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။

တရုတ်စစ်တပ်က သြဂုတ်လ ၄ ရက်မှ ၇ ရက်အထိ ထိုင်ဝမ်ကျွန်းအနီးမှာ ကျည်အစစ်ပစ်ခတ်မှုနဲ့ အခြား စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်မယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ဖော်ပြပါတယ်။

လာမည့်ရက်တွေအတွင်း ထိုင်ဝမ်ကျွန်းဝန်းကျင်မှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ခြင်းအားဖြင့် တ ရုတ်နိုင်ငံက အရေးပါတဲ့ ဆိပ်ကမ်းတွေ၊ မြို့တော်တွေကိုခြိမ်းခြောက်ဖို့ ကြိုးပမ်းနေတယ်လို့ ထိုင်ဝမ် ကာကွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေဟာ စိတ်ပိုင်းဆိုင်ရာအရ ထိုင်ဝမ်ပြည်သူတွေကို ခြိမ်းခြောက်ဖို့ရည်ရွယ်နေပြီး လက်နက်ကိုင်တပ်ဖွဲ့ကို အမြင့်ဆုံးအဆင့် တပ်လှုန့်ထားကာ ပြည်သူတွေ စိုးရိမ်ပူပန်မှုမရှိသင့်ဘူးလို့ ကာကွယ် ရေးဝန်ကြီးဌာနက ပြောပါတယ်။

မနေ့က ထိုင်ဝမ် လေကြောင်းရန်ကာကွယ်ရေးဇုန်အတွင်း တရုတ်စစ်လေယာဉ် ၂၁ စင်း ကျူးကျော်ဝင် ရောက်ခဲ့တယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။

ကိုးကား – Reuters
Ref; China to launch ‘targeted military operations’ due to Pelosi visit